ပိုင်မုနေတဲ့ဂူထဲကို သူတို့အစ်ကိုကြီးဖြစ်သူ  ၀င်သွားတာကို သူတို့မြင်တဲ့အခါ အန်းချီလော့နဲ့တပေါတို့က အပြင်မထွက်သွားကြတော့ဘူး ။  သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူခိုးတစ်ကောင်လို ပြုံးလိုက်ကြတယ်။  မကြာခင် သူတို့ရဲ့ tower(မရီး)ကို ရလာတော့မယ့်ပုံပဲ။

"ခင်ဗျား အနားမသွားယူဘူးလား" ပိုင်မုက ခဲယ်လ်တစ်ကို တွေ့တဲ့အခါ သူ့ကို မေးလိုက်တယ်။ 

"မယူဘူး၊ မင်း ဒီနေ့ အယ်လီအတွက် အဆိပ်နဲ့ သွေးတွေ စုပ်ယူပေးနေခဲ့တာ ကိုယ် မင်းကို စိတ်ပူတယ်" ပိုင်မုရဲ့ မျက်နှာက မကောင်းနေတော့ ခဲယ်လ်တစ်က သူ့ကို စောင့်ရှောက်ပေးဖို့ စိတ်ပူနေတယ်။  ညဘက် သူတစ်ခုခု အဆင်မပြေရင် သူ(ခဲယ်လ်တစ်)က သူ့ကို ကြီးမြတ်တဲ့စုန်းမဆီ အချိန်မီ ခေါ်သွားသင့်တယ်လေ။

" ကျွန်တော် အဆင်ပြေပါတယ် ဒီနေ့အတွက် ခင်ဗျား ပင်ပန်းနေပြီ သွားအိပ်တော့လေ " ပိုင်မုက သူ့မှာ ဘာပြဿနာမှ မရှိဘူးလို့ခံစားရပြီး ၊ခဲယ်လ်တစ်ကတော့ အရမ်းစိုးရိမ်နေခဲ့တယ်။

“ကိုယ် မပင်ပန်းဘူး” ခဲယ်လ်တစ်က ခေါင်းမာမာနဲ့ အနားယူဖို့ ငြင်းခဲ့တယ်။

  "ကျွန်တော်က ခင်ဗျား ပင်ပန်းမှာကို စိတ်ပူလို့ပါ" ပိုင်မုက နူးညံပျော့ပျောင်းစွာနဲ့ ဖျောင်းဖျတယ်။ ဒီနေ့ ခဲယ်လ်တစ်က အမဲလိုက်ရာက ပြန်လာပြီးနောက် သူ့ကို အာလူးစိုက်ဖို့ ကူညီပေးခဲ့ပြီး အယ်လီကြောင့် ညဘက်မှာ လိုက်ပြေးလွှားနေရတာကနေ ကျိန်းသေပေါက်ပင်ပန်းနေမှာပဲ။

ခဲယ်လ်တစ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ်။ "ဒါဆို ကိုယ်မင်းနဲ့အိပ်မယ်"

ပိုင်မုက အံ့အားသင့်သွားတယ်။  သူနဲ့အိပ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?။  ပိုင်မု တောင့်ခဲသွားတဲ့အချိန်မှာပဲ ခဲယ်လ်တစ်က သာမန်အရွယ်အစား ခြင်္သေ့တစ်ကောင်အဖြစ်ကို ပြောင်းလဲသွားပြီး ကျောက်သားအိပ်ယာပေါ်ကို ခုန်တက်ကာ ပိုင်မုဘေးနားမှာ လှဲချလိုက်တယ်။

  "ခင်ဗျားရဲ့ တိရိစ္ဆာန်ပုံသဏ္ဍာန်က ပိုသေးနိုင်တာလား" ပိုင်မုက သူ့ဘေးနားက ခပ်ဝါးဝါးသွင်ပြင်ကို အံ့သြစွာ ကြည့်တယ်။  ဒါပေမယ့် သူတွေးတောနေတဲ့ အရာက အတူတူအိပ်ဖို့ပဲလို့ သူပြောနေတာလား။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now