"အယ်လီမှာ ဘာကြီးကြီးမားမားပြဿနာမှ မရှိတော့ပါဘူး ၊ ဆေးကို ဆက်လိမ်းပြီး ဆေးရည်ကို သောက်ရင်ရပါပြီ " တာ့ဝူက သူတို့ကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်ပြီး ဒါက သူတို့ကို စိတ်သက်သာရာ ရသွားစေတယ် ။

ဟုတ်တယ်။ ဘုရားသခင်ရဲ့တမန်တော် ကို ဖိတ်ခေါ်တာ မှန်သွားတယ်။ အယ်လီကို ပို့လာတဲ့အချိန်တုန်းက အဆိပ်ရှိတဲ့ဒဏ်ရာကို ဆေးပင်တွေ လိမ်းပေးခဲ့ပေမယ့်လည်း အကျိုးသက်ရောက်မှုမရှိပါဘူး။ ပြီးတော့ အယ်လီရဲ့ဒဏ်ရာတွေက လျင်မြန်စွာ ဆိုးရွားလာခဲ့တယ်။  နောက်ဆုံး အားကိုးရာအနေနဲ့ သူက ခဲယ်လ်တစ်ကို ပြန်သွားပြီး တစ်ခုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပြီး ပိုင်မုကို ရှာခိုင်းလိုက်တယ်။  မျိုးနွယ်စု၀င်တိုင်းက သူတို့အတွက် အဖိုးတန်ပြီး အထူးသဖြင့် အနည်းငယ်သာရှိသော မိန်းမပျိုတွေဖြစ်တယ်။ မျှော်လင့်ချက်ခပ်ရေးရေးပဲရှိရင်တောင် သူတို့က ဘယ်မျိုးနွယ်စု၀င်တစ်ယောက်ကိုမှ လက်လျှော့မှာမဟုတ်ပါဘူး။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့စုန်းမ" အယ်လီရဲ့‌အမေက ပျော်ရွှင်မှုနဲ့အတူ ငိုကြွေးလိုက်ပြီး အရပ်ရှည်ကာ သန်မာတဲ့ အေဘယ်ကလည်း စိတ်သက်သာရာရပြီး မျက်လုံးနီလာခဲ့တယ်။  ဒီအချိန်မှာ သူတို့ရဲ့ ပျော်ရွှင်တဲ့ခံစားချက်ကို ဖော်ပြဖို့ စကားလုံးတွေ မရှိသလို သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်းကို ဖော်ပြဖို့ စကားလုံးတွေလည်း မရှိတော့ပါဘူး။  သူတို့အတွက် အယ်လီက သူတို့ရဲ့ဘဝမှာ အရေးကြီးဆုံးလူဖြစ်ပြီး အယ်လီကို ကယ်တင်တာက သူတို့ကို ကယ်တင်ခြင်းနဲ့ ညီမျှပါတယ်။

"မင်းတို့ ပိုင်မုကို ပိုကျေးဇူးတင်သင့်တယ်" စကားပြောနေရင်းနဲ့ တာ့ဝူက ထောင့်မှာ ထိုင်နေတဲ့ စိတ်မချမ်းမြေ့နေတဲ့ အတန်းဖော် ပိုင်မုကို ကြည့်လိုက်တယ်။  ပိုင်မုက အယ်လီကို ကယ်တင်ဖို့ သူ့အသက်ကို စွန့်စားလိမ့်မယ်လို့ သူ(တာ့ဝူ) မမျှော်လင့်ထားခဲ့ဘူး။ သူ ဘုရားသခင်ရဲ့ အချစ်တော် ဖြစ်လာနိုင်တယ်ဆိုတာ အံ့သြစရာမရှိတော့ပါဘူး။

ပိုင်မုရဲ့ အခြေအနေ ပိုကောင်းလာပြီးနောက် ခဲယ်လ်တစ်က သူ့ကို မတ်တပ်ရပ်ဖို့ ကူညီပေးခဲ့တယ်။ မျိုးနွယ်စုခေါင်းဆောင်က  ရှေ့ကိုတိုးလိုက်ပြီး နှစ်ယောက်သားရဲ့ ရင်းနှီးတဲ့ အပြုအမူကို ကြည့်လိုက်ကာ သူ့ရဲ့သင်ကြားချက်က အရမ်းအသုံးဝင်နေတုန်းပဲလို့ တွေးဆရင်း ခဲယ်လ်တစ်ကို  ခေါင်းညိတ်ပြလိုက်ရင်း သဘောကျနေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now