ကမ္ဘာအသင်္ချေ

Comenzar desde el principio
                                    

ဆာဆီ ပြေးထွက်သွားသည့် သူမကို ငေးကြည့်ရင်း သဘောကျစွာ ပြုံးလိုက်မိသလို တဲထဲမှ ထွက်ကာ ပြေးလိုက်ရန် ပြင်နေကြသည့် အစောင့်တွေအား လက်ကာပြကာ တားထားလိုက်သည်။

ပြေးပါစေ.....သူမ ပြေးကြည့်ချင်မှာပေါ့။
ပြီးတော့ သူမ တစ်ခါထဲနဲ့ သိစေရမည်က ဒီကျွန်းပေါ်က ဘယ်လိုမှ ပြေးမလွတ်နိုင်ဘူးဆိုခြင်းပင်။ ညလဲ မှောင်ခါနီးပြီမို့ သူ အေးအေးဆေးဆေးသာ အနောက်က လိုက်လာခဲ့၏။

တောနက်ထဲ အားတင်းကာ ကမ်းစပ်စီ မရမက ပြေးရင်း ခြေထောက်တွေလဲ ဆူးခြစ်ရာတွေနှင့် စပ်ဖျဥ်းဖျဥ်းပင်။ ကမ်းစပ်ဆီ လျှောက်လာရင်း လူက ပစ်ကျသွားကာ ရွှံထဲကျသွားရတာမို့ ပြန်တက်ရန် ပြင်လိုက်သည်။

" ဟင်....."

လှုပ်လို့မရ....မေရီ့ ခါးအောက်ပိုင်းကို ဆွဲညှစ်ထားသလို မျိုး တင်းကြပ်နေတာမို့ ဖျတ်ခနဲ သတိရသွားသည်က ဒါ ရွှံ့အိုင်မဟုတ်ပဲ နွံသာ ဖြစ်လိမ့်မည်။

" အ....အင်းးးး "

အားဖြင့် ရုန်းလိုက်ပေမယ့် ရင်ခေါင်းအထိ နစ်ဝင်သွားကာ ကိုယ်ကရုန်းလေ နစ်လေ ဖြစ်နေကာ တဖြည်းဖြည်း လည်ပင်းအထိပင် ရောက်လာရသည်။

" ရော့......"

ပစ်ကျလာသည့် နွယ်ကြိုးကို ဖမ်းကိုင်လိုက်ရင်းမှ ပြုံးကာ ကြည့်နေသည့် ထိုလူရိုင်းကြောင့် ဒေါသပိုထွက်ရသည်။

" နောက် ထွက်ပြေးဦးမလား...။ "

ဆာဆီ ပေကတ်ကတ်လုပ်နေသည့် သူမကြောင့် လှစ်ခနဲ ပြုံးကာ ကြိုးကို လွှတ်ချသလို လုပ်ပြလိုက်တော့မှ....

" မလွှတ်နဲ့လေ.....မပြေးဘူး....အဟင့်...မပြေးတော့ဘူး။ "

ဆာဆီ ကြိုးကို ဆွဲဆောင့်လိုက်ကာ သူမလက်ကို ဖမ်းဆွဲ၍ မြေပြင်ပေါ် မရမက ဆွဲတင်ပေးလိုက်၏။ မျက်နှာလေးမှ လွဲ၍ တစ်ကိုယ်လုံး ရွှံ့နွံတွေ ပေလူးကာ မဲတူးနေသည့် ပုံစံ​ကြောင့် သူ ရယ်မိပေမယ့် သူမကြည့်ရတာ အကြောက်ပြေသေးဟန် မပေါ်။

" လမ်းလျှောက်နိုင်သေးလား။ "

" အဟင့်....ဟင့်အင်းးးးး"

ကမ္ဘာအသင်္ချေ ( Complete) Donde viven las historias. Descúbrelo ahora