ကမ္ဘာအသင်္ချေ

6.6K 276 3
                                    

အချစ်ဖြင့် လွမ်းစေ ( ဒုတိယတွဲ)
Part - 3

ဆာဆီ လက်တစ်ဖက်ဖြင့် မေရီ့လက်လေးကို ဆွဲဖမ်းထားရင်း မြေပြင်ပေါ် လဲကျကာ နှုတ်ခမ်းလေးဖိကိုက်လျက် သူ့အား ဝမ်းပန်းတနည်း ငေးမောကြည့်နေသော ခေမာ့အား ဒေါသတကြီး စူးစိုက်ကြည့်နေမိသည်။

" တယ်လဲ သတ္တိကောင်းနေပါ့လား..... ရာရာစစ ငါ့ကြင်ယာကို ထွက်ပြေးခိုင်းမယ်ပေါ့လေ။ "

အံကြိတ်သံဖြင့် ပြောလာသည့် စကားတွေက ပြတ်တောက်တင်းမာနေကာ မျက်နှာကအစ မာတင်းနေ၏။ မေရီကတော့ သူ့လက်ကြီးထဲ ဖမ်းဆုပ်ခံထားရတော့ လက်ကလေးတစ်ဖက်ကို တွန့်လိမ်ရုန်းထွက်နေရင်း အကြည့်ကလဲ ကူညီပေးမည်ဆိုသည့် မိန်းမပျိုကို ကြည့်ပြီး သနားမဆုံး။ မေရီ့ကြောင့် အရိုက်ခံလိုက်ရတာ မဟုတ်လား။

ခေမာ လဲကျနေရာမှ ဒူးထောက်ကာ ထိုင်လိုက်ရင်း မျက်ရည်များကြားမှ ချစ်ရသူ၏ မျက်နှာကို ရင်နင့်စွာ ငေးစိုက်ကြည့်မိသည်။ သူမကို ကြည့်နေတဲ့ မျက်ဝန်းညိုတွေဟာ ဒေါသရောင်တောက်နေလျက် အခြားမိန်းကလေးကြောင့်ဆိုသည့် အချက်က နှလုံးသားကို နာကျင်စေသည်။

" ခေမာ့ကို မမြင်ဘူးလား....ခေမာ့အချစ်တွေကို ခေါင်းဆောင် မမြင်ဘူး။ ခေမာ ကျိန်းသေပြောရဲတယ်....ဒီမိန်းကလေးဟာ ခေါင်းဆောင် အတွက် ကောင်းကျိုးမဖြစ်နိုင်ဘူး။ ခေမာ့ စိတ်ထဲ အလိုလို သိနေတယ်....ခေါင်းဆောင် နာကျင်ရလိမ့်မယ်....."

ဆာဆီ ခပ်မဲ့မဲ့ ပြုံးမိရင်း သူ့ဘေးမှာ ရပ်ကာ မျက်လုံးလေး အဝိုင်းသားဖြင့် ခေမာ့ကို ငေးကြည့်နေသည့် မေရီ့ကို ငဲ့ကြည့်မိသည်။ သူ ကြည့်တာမြင်တော့ ပြန်လည်ငေးကြည့်လာသည့် မသိသလို ပုံစံလေးကအစ သူ့နှလုံးသားထဲ နင့်နေအောင် ချစ်ရသည်။ ဘာလို့မှန်းမသိပဲ သူမကို ချစ်ဖို့ဟာ တွေဝေတုံ့ဆိုင်းခြင်း မရှိ ၊ စိမ်းသက်နေခြင်းဆိုတာ လုံးဝမရှိ။

" အဲ့ဒါ ငါ့ကိစ္စပါ.....မိန်းမ တစ်ယောက်ကြောင့် ဒုက္ခရောက်ရတဲ့အထိ ငါ မတုံးအသေးဘူး ခေမာ။ အစောင့်တွေ......"

သူ့အော်သံကြောင့် ပြေးဝင်လာသည့် လှံရှည်ကိုင် အစောင့်တွေဟာ သူ့ကို ဦးစွာ အရင်ဦးညွှတ်သည်။

ကမ္ဘာအသင်္ချေ ( Complete) حيث تعيش القصص. اكتشف الآن