ရှောင်းကျန့်ဟာ မိစ္ဆာတွေသောင်းကျန်းနေတဲ့ နေရာတွေကို အဖွဲ့သားတွေသွားနိုမ်နင်းတဲ့အခါ ဂိုဏ်းဝန်းဝိုင်းထဲက ဘုရားကျောင်းဆောင်မှာ အားလုံးဘေးကင်းစေဖို့ဆုတောင်းပေးလေ့ရှိသည်။

ယခုလည်းရေမိစ္ဆာသောင်းကျန်းနေသောနေရာသို့ သွားရောက်ပြီး နိုမ်နင်းဖြေရှင်းနေသော ချစ်ရသူနဲ့ အဖွဲ့သားတွေအတွက် ဆုတောင်းပြီး ခန်းဆောင်ဆီသို့ပြန်လာခဲ့တာဖြစ်သည်။

" ဟင်...အစ်ကိုဝမ် ''

ခန်ဆောင်တံခါးဖွင့်ဖွင့်ချင်း အဖက်ခံလိုက်ရသည်မို့ ရှောင်းကျန့်က အံ့သြစွာ ပြောလိုက်တာဖြစ်သည်။

" ကျန့်ကျန့်.... ကိုယ်လွမ်းနေခဲ့တာ ''

" အင်း...အတူတူပဲ ''

ရှောင်းကျန့်က ဝမ်ရိပေါ်၏ ရင်ခွင်ထဲကို မျက်နှာဝှက်ရင်း ချွဲနွဲ့ပြောဆိုလိုက်သည်။

" အာ...ဒါနဲ့ အစ်ကိုကြီးတို့အစ်ကိုသောင်တို့ရော အဆင်ပြေကြရဲ့လား ''

" အင်း... အားလုံးအဆင်ပြေခဲ့တယ် ''

နှစ်ယောက်သားဟာ ပိုမိုတိုးဖက်လိုက်ကြရင်း......။

...........................

ရှောင်းကျန့်ဟာ ဒီကမ္ဘာမှာ အေးဆေးစွာဖြတ်သန်းရင်း နေထိုင်ခဲ့သည်။ ချစ်ရသူနဲ့ အချိန်ပြည့် အတူမရှိနိုင်သော်လည်း ဘယ်လောက်ထိ ချစ်ကြမှန်း ပြောစရာမလိုအောင် ရင်ဘတ်ချင်းသိနေပါသည်။

ပိုင်ဖုန်းဂိုဏ်းသည်... မိစ္ဆာနိုမ်နင်းသည့် ထိပ်သီးဂိုဏ်းတစ်ခုဖြစ်လာခဲ့ပြီး ဂိုဏ်း၏ အတွင်းစည်းအပြင်စည်း တပည့်များသည်လည်း အလွန်တော်ကာ ထက်မြက်ကြသည်။

ရှောင်းကျန့်သည် အသက်အရွယ်ကြီးရင့်လာသော်လည်း ၁၈နှစ်အရွယ်မျက်နှာလေးအတိုင်းပင်ဖြစ်ကာ ဝမ်ရိပေါ်ကတော့ လူကြီးတစ်ယောက်၏ အရေးအကြောင်းများ ရှိနေခဲ့ပြီဖြစ်သည်။

" ကျန့်ကျန့်.... ကိုယ်သေရင် နောက်ယောက်ျားယူမှာလား ''

" ဟာ... ပေါက်တက်ကရ ''

ဝမ်ရိပေါ်က ဆံပင်တွေဖြူနေကာ နတ်သားအိုကဲ့သို့ဖြစ်နေပြီး ရင်ခွင်ထဲ မှေးစက်နေသော ကောင်ငယ်လေးအား နမ်းရှိုက်လိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now