သွန်းထက်နေ သူ့အဖေ ဆက်ပြောမယ်စကားကိုသိနေတာကြောင့် ဘာမှပြောမနေတော့ဘဲ တိတ်တိတ်လေးလေး နားထောင်ကာ ဟုတ်မဟုတ်ကိုအတည်ပြုနေခဲ့တယ်

"မင်းဘဝနဲ့မင်းလျှောက်လှမ်းတော့ ငါအဖေတစ်ယောက်အနေနဲ့ ကောင်းကောင်းကြီးပေးဆပ်ပေးပြီးသွားပြီ.... မင်းတို့အပေါ်ငါတာဝန်က ထပ်မရှိတော့ဘူး "

ထို့နောက် ဖုန်းကျသွားခဲ့တော့သည်။

ဟုတ်နေတာဘဲ သူပြန်မွေးဖွားလာခဲ့တာပေါ့ ကောင်းတယ် ကောင်းတယ် အဲမိန်းမယုတ်ကို သူပြန်ကလဲစားချေနိုင်တော့မယ်....

"လပြည့်လေး မန်းမန်းစားကြရအောင်"

"ကိုကို....က ငိုငို... "

"ကိုကိုအိမ်မက်ဆိုးမက်လို့ပါ... အခုတော့ လပြည့်လေး ကကိုကိုကို့ လာနိုးလိုက်လို့ မမက်တော့ဘူးလေ... ဒီတော့ ကိုကိုမငိုတော့ဘူး"

"အွန်း...ကယ်လား?"

ခေါင်းလေးကိုအသာစောင်းကာ လပြည့်လေး ကသွန်းထက်နေကို ကြည့်ကာ ပျော်ရွှင်လျက် မျှော်လင့်ချက်အကြည့်လေးနဲ့ အတည်ပြုနေခဲ့သည်။

"တကယ်ပေါ့...လာပါအုန်း ကိုကိုကို့မွမွလေးပေးပါအုန်းကွ"

"မွ...မွ....မွ"

"Wow ၃ခုတောင်ပေးတယ်ပေါ့... ဒါဆိုကိုကိုကလဲ ပိစိလေးကို သကြားလုံးလေး ကျွေးရမှာပေါ့ ဟုတ်ဘူးလား"

"အွန်း"

"ဟားဟားးး..အတတ်လေး"

"ဟီးးးးဟီးးး "

သွားတွေ့အပြည့်မပေါက်သေးတဲ့ ပါးစပ်သေးသေးလေးက အပြုံးတွေ့ဝေဆာနေတာက အရမ်းချစ်ဖို့ကောင်းလွန်နေခဲ့တယ်လေ...

"လပြည့်လေး ကိုကိုဒီတစ်ခါတော့ ကတိပေးတယ် မိန်းမယုတ်ကျော့ကွင်းထဲကိုထပ်မဝင်စေရဘူးလို့ "

"မိန်းမယုတ် "

"အင်း မကောင်းတဲ့မိန်းမကိုပြောတာ"

"မမလွမ်း"

"ဟားဟားးးး လပြည့်လေး က မမလွမ်းကို မကြိုက်ဘူးကို "

"အွန်း ဆိုး ဆိုးတယ်"

လပြည့်လေး က လွမ်း ကိုအရင်ဘဝကလဲသဘောမကျခဲ့ဘူး လပြည့်လေး ကိုသူမနဲ့မိတ်ဆက်ပေးတုန်းက လပြည့်လေး က တညလုံးငိုနေခဲ့တယ်... အဲတုန်းက လပြည့်လေးက ကလေးမို့လို့သူမ ရဲ့ချောမောမူနဲ့ မာနထောင်လွှားမူကိုမကြိုက်လို့များလားလို့ တွေးထင်ထားခဲ့ပေ့မယ်......

After being reborn, he became her father (No Translation OC fic)Where stories live. Discover now