" ကို ဘာလို့အဲ့လောက်အမှောင်ဖုံးနေတာလည်း...။လိပ်မတွေကျနေတာပဲ...။ "
( ရှောင်း ပြောတာနော်...ငယ်လေးပြောတာမဟုတ်..😁)
" အေးပေါ့...လိပ်မတွေပဲ ကိုယ့်ကိုအားပေးနေကြတာလေ..။ကိုယ်ကသူတို့ Idol ဆိုတော့ Idol နဲ့ Fan အကျင့်တူတာ ဆန်းသလားဗျာ...။ "
" သူတို့ မိုးမလင်းတိုင်း ကို ပါလိုက်မလင်းတော့ဘူးလား...."
" အင်း ကလေးနဲ့ဆို အမြဲတမ်းမှောင်ချင်နေတော့တာပဲကွာ...။ "
" ခင်ဗျားကို တကယ်မနိုင်ဘူး..."
" ခေါ်လို့..."
" ဟေ့ကောင်...ဘာတွေခေါ်ခိုင်းနေတာလည်း...။ "
" မင်း မသိရင်အသာနေစမ်းပါ..."
ထမင်းထုပ်တွေဆွဲပြီးပြန်ရောက်လာတဲ့ ယွီပင်းက အတင်းခေါ်ခိုင်းနေတဲ့ ရိပေါ်အားမေးတော့ အဖြေကမြင်တဲ့အတိုင်းပဲ ဒုတ်ထိုးအိုးပေါက်....။
ခုနက ရှောင်းကျန့်တံခါး Lock ကိုသွားဖွင့်ပေးထားလို့ တော်သေးတာ...။
ရှောင်းကျန့် တစ်ယောက်ယွီပင်းသိသွားမှာ ကြောက်နေတာမို့ လူနားလိုက်ကပ်နေတဲ့ရိပေါ်အား လွတ်အောင်ရှောင်နေရသည်....။
" ရော်...မသိလို့ မေးပါတယ်ဆိုကာကျမှ..."
" နေစမ်းပါ နှစ်တစ်ထောင် Fa ရယ်...။ဒီမှာ ခေါ်ခိုင်းလို့မရပါဘူးဆို မင်းကတစ်မျိုး..။"
" ဟေ့ဟေ့....မပြောချင်ရင် မမေးဘူးဟေ့ကောင်....။ဒါပေမဲ့ ရာထူးကိုတော့လာမထိခိုက်နဲ့...။လွယ်လွယ်ရထားတာမဟုတ်ဖူး...။ "
" ကွကိုသိလေ..."
ယွီပင်းဟာ ဆက်မမေးတော့ဘဲ ဝယ်လာတဲ့ထမင်းဟင်း တွေကိုပြင်ဆင်နေတယ်...။
ရိပေါ်တစ်ယောက်ကသာ ရှောင်းကျန့်နားလိုက်ကပ်ပြီး ပူဆာနေ တုန်းပဲ.... ။
" ကို ဘယ်လိုဖြစ်နေတာလည်း....။ "
" အ့ဆို ခေါ်လေကွာ..."
" ယွီကော သိသွားတော့မယ်....။တော်ပါတော့ ကိုရယ်..။ "
" မရဘူးကွာ...."
လေသံတိုးတိုးလေးတွေနဲ့ပြောကာ ချော့နေရပါသော်လည်း မရတဲ့ကိုကိုလူဆိုးကြီးကို စိတ်တိုချင်လာပြီ....။
YOU ARE READING
💢🔞 ကို 🔞💢 COMPLETED
Fanfictionမင်းက ကိုယ့် ကိုအမြဲ ချိူမြိန် ယစ်မူးစေတယ် ရှောင်း ကျွန်တော်က ကို ပိုင်တဲ့ Dolly လေး...
💢 Part - 4 💢 ( ZG )
Start from the beginning