အပိုင်း (၁) ပန်းအိုးကြောင့် သေဆုံးသွားရခြင်း

Start from the beginning
                                    

ဒါပေမဲ့ မကြာခင်မှာ ငိုတာက သူ့ကို ကောင်းကျိုးမပေးဘူးဆိုတာ သိလာရတော့သည်။ ဒါကြောင့် လိုက်လျောညီထွေဖြစ်အောင် စပြီး သင်ယူခဲ့သည်။ မပြုံးချင်ပေမဲ့ ပြုံးတတ်လာသလို သူတပါးကို မချီးမွမ်းချင်သော်လည်း ချီးကျူးတတ်လာသည်။ မလုပ်ချင်သော်လည်း အရူးတစ်ယောက်လို ပြုမူတတ်လာသည်။ အဲဒီနောက်ပိုင်းမှာမှ မိဘမဲ့ဂေဟာမှာ သူ့ဘဝက ပိုလွယ်လာတယ်။ သို့သော် အသက် ဆယ်နှစ်အရောက်မှာ မွေးစားခံခဲ့သည်။

လောင်ယန် က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်မိသည်။ ထိုမှောင်မိုက်နေတဲ့ သမိုင်းကို သူ မမှတ်မိချင်ပါ။ မွေးစားပြီး သုံးလအကြာတွင် အခြားမိဘမဲ့ဂေဟာသို့ ပြန်သွားခဲ့ရသည်။ ထိုအချိန်တွင်၊ လောင်ယန်သည် နောက်တစ်ကြိမ် မွေးစားခြင်းမခံရရန် သေချာစေခဲ့သည်။ ဒါ သူ့အတွက် သိပ်ခက်တာ မဟုတ်ဘူး။ မိဘမဲ့ကလေးက လူတိုင်းက သူ့ကို ကြိုက်ကြမှာ သေချာအောင် လုပ်ခဲ့သည်။

ကလေး တွေကနေ လူကြီးတွေအထိပေါ့။ အထူးသဖြင့် ဒါရိုက်တာ။ ဒါရိုက်တာသည် ခင်ပွန်းနှင့် သားသမီးမရှိသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် လောင်ယန်သည် သူမနှင့် နီးစပ်ရန် လွယ်ကူခဲ့ခြင်းဖြစ်သည်။ မကြာမီတွင်၊ သူသည် သူမ၏အမည်ခံသားဖြစ်လာခဲ့သည်။

ဆယ့်ရှစ်နှစ်ရောက်သည့်တိုင်အောင် ထိုမိဘမဲ့ဂေဟာတွင် နေခဲ့သည်။ သူသည် ကောလိပ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ပြီး အမှတ်ကောင်းကောင်းရခဲ့သည်။ မဟုတ်ဘူး၊ အရမ်းကောင်းရုံသာမက အကောင်းဆုံးတွေထဲက တစ်ခုပင်။ သူ့ရဲ့ရမှတ်ဟာ တစ်တိုင်းပြည်လုံးရဲ့ အကောင်းဆုံးရမှတ် ဆယ်ခုထဲက တစ်ခုပါဝင်ခဲ့သည်။ နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်တဲ့ T University ကို ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ကနေဘွဲ့ရရင် အလုပ်ရှာရ ပိုလွယ်မယ်ဆိုတာ သူသိသောကြောင့်ပင်။

လောင်ယန်သည် ဉာဏ်ကြီးရှင်မဟုတ်ပေ။ သူကဘယ်လိုကြိုးစားရမယ်ဆိုတာ သိပြီးနားလည်ရုံပါပဲ။ သူရခဲ့သော အမှတ်ကောင်းများ သည် သူ၏ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်။ တခါတရံ နေထွက်သည်အထိ စာကျက်တတ်သည်။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူ့ဘဝကို ဘယ်လိုပြောင်းလဲ ရမလဲဆိုတာ သူသိတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ပါပဲ။ အလုပ်မကြိုးစားရင်တော့ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာ ဆက်လက်ရှိနေမှာ ဖြစ်သည်။ ဘာမှ ရှိလာမှာ မဟုတ်ပေ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now