"ဟင့်အင့်"

အဖေဆီကိုအလှည့်သွားကြမယ်လို့ပြောလိုက်တာနဲ့ အားငယ်ပြီး ဘဝင်မကျတဲ့အကြည့်လေးနဲ့ လပြည့်လေးက သွန်းထက်နေ ကိုကြည့်ကာ ငိုမဲ့မဲ့လေးပြန်ငြင်းလေတယ်...

"သား...သားမသွားချင်ဘူး...အဖေကလဲ သားတို့လာတာကိုမကြိုက်သလို... အဖေ့မိန်းကလဲ သားတို့ကိုစကားတောင်မပြောဘူး....သားမသွားချင်ဘူး"

"လပြည့်လေး....အဖေက ဘာဘဲဖြစ်ဖြစ် ကိုကိုတို့ရဲ့အဖေလေနော် လပြည့်လေး ရဲ့မွေးနေ့မှာတော့ ကန်တော့ဖို့သွားသင့်တယ် ကြားလား လပြည့်လေး..."

"...."

လပြည့်လေးက ခေါင်းလေးကိုအောက်သို့ငုံ့ကခဏလောက်စဉ်းစားပြီးမှ ခေါင်းလေးကိုအသာ ညိမ့်ပြလေတယ်... လပြည့်လေးက အသက်လေးနဲ့မလိုက်အောင် စကားတတ်ပြီးတော့
သိတာတတ်လွန်းတာကြောင့်

သွန်းတို့ကို အဖေက မကြည်ဖြူဖြစ်နေခဲ့တာကို လပြည့်လေးက သိနေခဲ့ခြင်းပင်။

သွန်းတို့မိသားစုက ယခင်ကဆိုရင် လူတိုင်းအားကျရလောက်အောင် သာယာဖွယ်ကောင်းတဲ့မိသားစုဖြစ်ခဲ့သည်။ သွန်းရဲ့အမေဖြစ်သူက အိမ်ရှင်မကောင်းတစ်ဉီးဖြစ်ပြီးတော့ သွန်းရဲ့ အဖေဖြစ်သူကတော့ ရုံးဝန်ထမ်းတစ်ဉီးမို့လို့ အရာရာမပြီးပြည့်စုံရင်တောင် သာမန်ဆန်တဲ့မိသားစုလေးပင်။

လပြည့်လေးကို သွန်းအမေက သွန်း၁၈နှစ်လောက်မှ ကိုယ်ဝန်ရှိခဲ့တာပင် ။ သွန်းရဲ့အမေက အသက်ကြီးလာသည့်နဲ့အမျှ အခံရှိတဲ့ နှလုံးရောဂါက တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး ကလေးပါ ရှိလာတော့ ကလေးကိုမွေးဖွားရင်အသက်အာမခံချက်မရှိဘူးလို့ ဆရာဝန်တွေ့က အမေ့ကိုသေချာပြောပြခဲ့ကြပေ့မယ် အမေကတော့သူမချစ်တဲ့ယောကျာ်းဖြစ်သူအတွက်အဖော်တွေ့အများကြီး ချန်ထားပေးချင်ခဲ့တာပင်။

လပြည့်လေးကိုမွေးဖွားပြီး သိပ်မကြာခင်မှာအမေဆုံးသွားပြီး အဖေကလဲ သူရဲ့ငယ်ချစ်ဉီးဆိုသူနဲ့ တရားဝင်လက်ထပ်သွားခဲ့တယ်...အမေ့မဆုံးခင်ကတည်းက သူတို့ကအဆက်အသွယ်ရှိနေခဲ့သည့် ပုံပင်....

သွန်းကို လပြည့်လေးနဲ့အတူ အမေနေခဲ့တာအိမ်မှာ ပစ်ထားခဲ့ပြီးတော့ အဖေကတော့ နောက်အိမ်ထောင်အမျိုးသမီးနဲ့အတူတူနေထိုင်ခဲ့တယ်...သွန်း ဘွဲ့ရပြီးတဲ့နောက်မှာ အဖေဆီကထောက်ပံ့ပေးမူက ရပ်တန့်သွားခဲ့တယ် သွန်းအနေနဲ့ထိုထောက်ပံ့ပေးမူကိုမမောက်မောပါဘူး.....

After being reborn, he became her father (No Translation OC fic)Where stories live. Discover now