"ကောင်းပြီ ခင်ဗျားပိုသတိထားသင့်တယ်" အခု အခြေအနေက မရှင်းမလင်းဖြစ်နေတော့ သူ့နောက်လိုက်ဖို့ အဟန့်အတားဖြစ်နိုင်တာကြောင့် ပိုင်မုက အလျှော့ပေးလိုက်တယ်။

  "ကိုယ်သိပါတယ်" ခဲယ်လ်တစ်က စကားပြောပြီးတဲ့အခါ တပေါကို ပြောခဲ့တယ်။"မင်းအိမ်မှာ နာခံမှုရှိရှိနေပြီး ပိုင်မုနဲ့ အန်းချီလော့ကို ကာကွယ်ပေးထား"

"သား ကာကွယ်ပေးမှာပါ အစ်ကိုကြီး စိတ်မပူပါနဲ့" အပ်နှင်းခံလိုက်ရတဲ့ ခြင်္သေ့ငယ်လေးက ရင်ဘတ်သေးသေးလေးကို ဂုဏ်ယူစွာနဲ့ ကော့လိုက်ပြီး သူ့လက်ဖဝါးကိုပြလို့ ကတိပေးလိုက်တယ်။

ခဲယ်လ်တစ်က ခေါင်းညိတ်ပြပြီး ဂူထဲမှ အလျင်အမြန်ထွက်ကာ သားရဲအဖြစ် ပြောင်းလဲပြီး အသံရဲ့ ဦးတည်ရာဆီကို ပျံသန်းသွားခဲ့တယ်။  မိသားစုထဲက လူသုံးယောက်က သူ့ရဲ့ဘေးကင်းလုံခြုံရေးကို စိတ်ပူပြီး အိပ်ချင်စိတ်မရှိကြတော့ဘူး။ အန်းချီလော့က မှောင်နေတဲ့ဂူထဲကို အလင်းရလာဖို့ မီးကို မီးညှိလိုက်တယ်။  သုံးယောက်သားက မီးနားဝိုင်းထိုင်ကာ တဖျစ်ဖျစ်မြည်နေ‌တဲ့ မီးတောက်တွေကို တိတ်ဆိတ်စွာနဲ့ ကြည့်နေကြတယ်။

မကြာခဏ အပြင်ဘက်မှ ထွက်လာတဲ့ အသံတွေကို သူတို့ မသဲမကွဲကြားနေရပြီး မတော်တဆမှု ဖြစ်တဲ့နေရာသို့ orcsတွေ အပြေးအလွှား သွားနေပုံရတယ်။  သူတို့ သုံးယောက်ရဲ့ စိတ်ထဲမှာတော့ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေမိကြတယ်။

  "အရင်က  ဒီလိုဆင်တူတဲ့အခြေအနေမျိုး ဖြစ်ပျက်ဖူးလား အန်းချီလော့" ပိုင်မုက တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး အန်းချီလော့ကို ကြည့်လိုက်တယ်။

  “ဟုတ်တယ် ဒါပေမယ့် အရမ်းနည်းတယ် Orcမရှိတဲ့ အိမ်တချို့က ညလယ်ကျရင် တိုက်ခိုက်ခံရတယ်"

ပိုင်မုက ဖွင့်ထားတဲ့ ဂူကို ကြည့်လိုက်တယ်။  orcsတွေမှာ အာရုံငါးပါးရှိပြီး အရမ်းသတိရှိကြပေမဲ့လည်း သူတို့က အန္တရာယ်ကို ကြိုမြင်နိုင်တယ်။ဒါပေမယ့်  သားကောင်ငှက်တွေက ရုတ်တရက် တိုက်ခိုက်ရင် orc က တုံ့ပြန်နိုင်မှာမဟုတ်ဘူး။ စွမ်းရည်မရှိတဲ့ မိန်းမပျိုတွေကပဲ ဒုက္ခရောက်လိမ့်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now