"မဟုတ်ဘူး မင်းအစ်ကိုကြီးက အကောင်းဆုံးမဟုတ်ဘူး၊ ငါ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ထိုက်တန်လို့လား" ကေစီက သူ့နှုတ်ခမ်းကို ကွေးလိုက်တယ်။  သူ့ကိုလိုက်ပိုးပန်းနေတဲ့ orcs တွေ အများကြီးရှိတယ်။  သူက ခဲယ်လ်တစ်က ပိုကြည့်ကောင်းတယ်လို့ပဲ ထင်ရုံပါ။ သူလုဖို့ မလိုအပ်နေပါဘူး။

  " တပေါ နဲ့ ငါ့အတွက်တော့ ငါ့အစ်ကိုကြီးက အကောင်းဆုံးပဲ မင်းရဲ့စကားတွေ က ရုပ်ဆိုးလွန်းတယ် ဒါပေမယ့် မင်းက ငါ့ အစ်ကိုကြီးကို လက်လျှော့နိုင်တယ်ပေါ့ ဟေး မင်း ဒီကို ဘာလာလုပ်တာလဲ "

" ပိုင်မုကို ရှာဖို့ ငါ ရောက်လာတာ ၊အာ... သူက အစ်ကိုကြီးတစ်ယောက်နဲ့တူတယ် " ကေစီက ပိုင်မုကို စိတ်လှုပ်ရှားစွာနဲ့ စချီးမွမ်းတော့ တယ်။  ပိုင်မုကို အမြဲလေးစားတဲ့ အန်းချီလော့နဲ့တွေ့ပြီး နှစ်ယောက်သားက အတွေ့အကြုံတွေ ဖလှယ်ကြတယ်။*ဟောင်ရဲ့အသိပညာဗဟုသုတမရှိပဲနဲ့ကို ပိုင်မုမှာ အခြားကမ္ဘာက ပရိသတ်နှစ်ဦး ပိုလာတယ်။ (ဘာပြောချင်လဲဆိုတာမသိဘူး internetဘန်းစကားများလား)

ထိုနေ့ညမှာ မျိုးနွယ်စုမှ အကူအညီအတွက် အထိတ်တလန့်ငိုယိုနေတဲ့ အော်ဟစ်သံ တစ်ခုထွက်ပေါ်လာခဲ့တယ်။  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တဲ့ ပိုင်မုက ရုတ်တရက် ထထိုင်လိုက်ပြီး ဂူကတော့ လုံးဝကို မှောင်မိုက်နေတယ် ။  ခဲယ်လ်တစ်နဲ့ အခြားသူတွေလည်း နိုးကြားသွားတယ်။

"ခဲယ်လ်တစ် ဘာဖြစ်တာလဲ၊ ဘာကိစ္စရှိလို့လဲ" ပိုင်မုက အခန်းထဲကနေ  ထွက်လာပြီး ခလုတ်တိုက်သွားတယ်။  ခဲယ်လ်တစ်က သူပြုတ်ကျမှာကို စိုးရိမ်တာကြောင့် သူ့ကို ထောက်ပံ့ဖို့ အလျင်အမြန် ရှေ့ကို တိုးလာတယ်။

"ဘာတွေဖြစ်နေတာလဲတော့ ကိုယ်မသိဘူး ကိုယ်သွားကြည့်လိုက်မယ်" ခဲယ်လ်တစ်က အပြင်မထွက်ခင်မှာ ပိုင်မုကို ကျောက်ခုံတန်းလျားမှာ ထိုင်ဖို့ ကူညီပေးခဲ့တယ်။

  " ကျွန်တော်လည်း လိုက်မယ် " ပိုင်မုက အခြေအနေကို ကြည့်ဖို့ လိုက်ချင်တယ် ။

"မလိုက်ရဘူး၊ အန္တရာယ်တစ်ခုခုရှိရင် ဘယ်လိုလုပ်မလဲ" ခဲယ်လ်တစ်က ပြတ်ပြတ်သားသား ငြင်းပစ်လိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now