" ပိုင်မု၊ မင်းရှိလား " ကေစီရဲ့ အသံက ဂူအပြင်ဘက်ကနေ ထွက်လာတယ်။

"ရှိတယ် ဝင်လာပါ" အန်းချီလော့က မျက်မှောင်ကြုတ်လိုက်တယ်။ အစ်ကိုကြီးက ဒီနေ့ ဒီမှာ မရှိဘူး ။ ပိုင်မုဆီကနေ သူ့(ခဲယ်လ်တစ်)ကို လုယူဖို့  ပိုင်မုဆီ ကေစီလာတာများလား ။

  "ကျွန်တော် အနာဂတ်မှာ ဒီကို တခါတလေ လာကစားလို့ရလား" ကေစီ အထဲကိုဝင်လာတုန်းက ပိုင်မုနဲ့ အန်းချီလော့က ခြင်းတောင်းယက်ရင်း စကားစမြည်ပြောနေတာကို တွေ့လိုက်ရတယ် ။ သူတို့ နှစ်ယောက် ညီအစ်ကိုတွေလိုဖြစ်နေတာက  ကေစီကို အရမ်းမနာလိုဖြစ်အောင် လုပ်နေတယ်။ သူက သူ့မိသားစုမှာ တစ်ဦးတည်းသောကလေးဖြစ်တယ်။သူ့မှာ သူငယ်ချင်းတွေနဲ့ ပိုးပန်းနေတဲ့orcအများကြီးရှိပေမယ့် ကေစီကတော့ ၊  သူနဲ့ စကားစမြည်ပြောနိုင်ပြီး ကလေးလို သူပြုမူနိုင်တဲ့ အစ်ကိုတစ်ယောက်ရှိဖို့ကို မျှော်လင့်နေတုန်းပဲ။

ပိုင်မုရဲ့အေးချမ်းတဲ့ အသက်ရှုသံက လူအများကို သက်တောင့်သက်သာဖြစ်စေတယ်လို့ သူခံစားရပြီး ပိုင်မုက သူရဲ့စံပြအစ်ကိုလိုမျိုး အရမ်းနူးညံ့သိမ်မွေ့တယ်။  ဒါကြောင့် သူ့မသိစိတ်က ပိုင်မုနဲ့ နီးစပ်ချင်ခဲ့ပြီး ခဲယ်လ်တစ်ကတော့ သူနောက်မှာ ထားခဲ့တာ ကြာပါပြီ။

  " ကေစီ၊ မင်းက လူမှားမေးနေတာပဲ ၊ ပိုင်ရှင်ကို မေးသင့်တယ် " ပိုင်မုက အဖြေကို စောင့်နေတဲ့ သူ့(ကေစီ)ကို မြင်လိုက်ရတယ်။  သူ အရမ်း အားကိုးရာမဲ့သလို ခံစားရတယ်။ဒီမှာ ပိုင်ရှင်အစား ဘာလို့ လူတွေက သူ့ကို အမြဲမေးနေကြတာလဲ ?

အန်းချီလော့က သူ့(ကေစီ)ကို ချက်ချင်းသဘောမတူလိုက်ဘူး။ဒါပေမယ့်  ကေစီကို ဆွဲခေါ်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။

"ငါ့အစ်ကိုကြီးနဲ့ ရင်းနှီးဖို့ ဒီအခွင့်အရေးကို မင်းယူနေတာလား" အန်းချီလော့က ကေစီကို သံသယနဲ့ ကြည့်လိုက်တယ်။ သူ့အစ်ကိုကြီးရဲ့ အစပျိုးနေတဲ့ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်တဲ့ အကြောင်းရင်းမှန်သမျှကို သူ သတ်ပစ်ရလိမ့်မယ်။သူ့အစ်ကိုကြီးက သူတို့အတွက် အများကြီး ပေးဆပ်ခဲ့တယ်။  အထူးသဖြင့် တ‌ပေါကို ကောင်းကောင်း ပြုစုပျိုးထောင်ဖို့က သူ့(ခဲယ်လ်တစ်)အတွက် မလွယ်ကူခဲ့ဘူး။  ဒါကြောင့် သူတို့က သူတို့ရဲ့အစ်ကိုကြီးကိုလည်း ပျော်စေချင်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now