(၂)

1.8K 191 1
                                    

[Unicode]

သူ အသက်ရှင်နေနိုင်ဖို့အတွက် အလွန်သတိထားခဲ့ရပြီး သူ့လှို့ဝှက်နယ်မြေက ပြောင်းလဲသွားကာ ဖွံ့ဖြိုးတိုးတက်တဲ့နေရာတစ်ခု ဖြစ်လာတော့ သူ တကယ်ကို ဝမ်းသာခဲ့ရတယ်။ လူတိုင်းက သူ့အပေါ်မှာ ကောင်းခဲ့ကြတယ်။ သူတို့တွေ စိုက်ပျိုးရိတ်သိမ်းတာတွေ ပြုလုပ်နိုင်ပြီး နောက်ဆုံးမှာ ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်မယ်လို့ သူ တွေးခဲ့တာပဲ။ ဒါပေမယ့် မြို့တော် B မှာ နေထိုင်နိုင်ဖို့ သူ့အဖွဲ့ခေါင်းဆောင်က သူ့ကို ဗီဇကွဲတွေကိုလေ့လာတဲ့ တက္ကသိုလ်ဆီ ရောင်းချခဲ့တာ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး။

ဒီကြောက်စရာကောင်းစွာ နေထိုင်ခဲ့ရတဲ့ကာလကို ပြန်စဉ်းစားမိတိုင်း ပိုင်ကျင်းရဲ့စိတ်တွေ တုန်လှုပ်ခြောက်ခြားလာကာ ပြင်းထန်တဲ့အမုန်းတရားတွေက သူ့နှလုံးသားတစ်ခုလုံးကို ပြန့်နှံ့သွားပြီး သူ့ရဲ့သွေးကြောတွေ၊ ဆဲလ်တွေတိုင်းကို စီးဆင်းသွားတယ်။ ရုတ်တရက် ခေါင်းကိုက်လာတာကြောင့် ပိုင်ကျင်းရဲ့ စိတ်တွေ ပြန်လည်လာခဲ့သည်။ တက္ကသိုလ်မှာရှိနေခဲ့တဲ့ သူ့ရဲ့နေ့ရက်တွေအတွက် သူ ပျော်သင့်တယ်လို့ ခါးသီးတဲ့အပြုံးနဲ့ တွေးလိုက်မိတယ်။ အနည်းဆုံးတော့ သူ့ရဲ့ နာကျင်မှုကိုခံနိုင်ရည်က အလွန်မြင့်မားလာခဲ့သည်။ နာကျင်ပြီး ကိုက်ခဲနေတဲ့အချိန်မှာတောင် ဘာမှစိုးရိမ်စရာမရှိပဲ သူ တည်ငြိမ်နေနိုင်တုန်းပဲ။

ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေကို ဂရုစိုက်ဖို့ လိုသေးတာကြောင့် အတိတ်မှတ်ဉာဏ်တွေထဲကနေ ပိုင်ကျင်း ရုန်းထွက်လိုက်သည်။ ဗိုက်ဆာလာလို့ အရင်အစားစားဖို့ ဆုံးဖြတ်လိုက်ပြီး နောက်လည်း စိတ်ပူစရာမလိုသေးဘူး။ ကမ္ဘာပျက်ကပ်မတိုင်ခင် တစ်နှစ်တောင် လိုနေသေးတယ်။

ကြုံရာအဝတ်အစားတစ်စုံကို ဝတ်ဆင်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးတွေက ခမ်းနားတောက်ပနေတဲ့ ခန်းမကြီးကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းတွေ မတွန့်မိပဲ မနေနိုင်တော့ဘူး။ ဒီပုံစံကြီးကို အရင်က သူ ဘယ်လိုလုပ် ကြိုက်ခဲ့တာပါလိမ့်။

Back to the ApocalypseWhere stories live. Discover now