Chapter 1 : Part 3

Start from the beginning
                                    

ကုယွမ်းထင် နိုးလား မနိုးလား မသိတာကြောင့် သူက အိပ်ခန်းတံခါးကို တိတ်တိတ်လေးဖွင့်ကာ အထဲဝင်၍ တစ်ချက်ကြည့်လိုက်သည်။

ကုယွမ်းထင်က ဖုန်းကြည့်နေရင်းမှ လှုပ်ရှားသံကိုကြားတော့ လှမ်းကြည့်လာသည်။ စူးယိရန်မှာ သူ နိုးနေလောက်ပြီဟု ထင်မထားပေမဲ့ ဖုန်းဆော့ဖို့အင်အားတောင်ရှိနေမည်ဟုတော့ ထင်မထားမိခဲ့။ ကြည့်ရတာ စိတ်အခြေအနေပိုကောင်းလာပုံပင်။ ထို့ကြောင့်ပင် သူစိတ်သက်သာရာ ရသွားရသည်။

"ထတော့လေ။ စားလို့ရပြီ"

ကုယွမ်းထင် ဖုန်းချထားလိုက်တာကိုမြင်တော့ စူးယိရန်က မီးဖိုချောင်ထဲ ပြန်သွားရင်း ဆန်ပြုတ်နှင့် တွဲစားမည့် အရန်ဟင်းတွေကို ဆက်ပြင်ဆင်နေလိုက်သည်။

ကုယွမ်းထင် သန့်စင်ဆေးကြောပြီး ပုံမှန်အဝတ်အစားတွေလှဲလှယ်ပြီးချိန်မှာ ဆန်ပြုတ်ပန်းကန်တွေနှင့် ကြက်ဥဘန်းကိတ်ပန်းကန်က ဧည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားပြီးသွားပြီဆိုတာ မြင်လိုက်ရသည်။သူ ဧည့်ခန်းကို တစ်ချက်ကြည့်လိုက်၏။ အိပ်ခန်းကဲ့သို့ပင် ၎င်းသည်လည်း အရောင်ဖျော့ဖျော့တို့ဖြင့်သာ ရိုးရိုးရှင်းရှင်း အလှဆင်ထားသည်။ စားပွဲပေါ်မှာတော့ ပန်းများရှိနေသည်။ ကြည့်ရတာ ပိုင်ရှင်ဖြစ်သူဟာ ရိုးရှင်းသောဘဝကို နှစ်ခြိုက်ကာ စိတ်ခံစားလွယ်သည့်လူဖြစ်ပုံပင်။

တစ်အိမ်လုံးမှာ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါရှိကာ တခြားအခန်းကိုတော့ စာကြည့်ခန်းအဖြစ် အသုံးပြုထားသည်။ စိမ်းလန်းသည့်အပင်တွေနှင့် ပန်းပင်တွေ ထား,ထားသည့် ကြီးမားသည့်လသာဆောင်တစ်ခုလည်း ရှိပေသေး၏။

သေးငယ်ပေမဲ့လည်း နွေးထွေးကာ သက်တောင့်သက်သာရှိပေသည်။

ကုယွမ်းထင်က မီးဖိုခန်းထဲမှာ ခုထိ အရန်ဟင်းတွေပြင်ဆင်နေဆဲ စူးယိရန်ကို လှမ်းကြည့်လိုက်သည်။ သူ့မှတ်ဥာဏ်ထဲက စူးယိရန်အပေါ် နောက်ဆုံးသော ခံစားမှုသဘောထားတို့မှာ လွန်ခဲ့သည့်ဆယ်နှစ်ကပင်။

အစကတည်းက သူ့ဘယ်ဘက်ခြေထောက်ကို ကျိုးစေကာ ဒုက္ခတိဖြစ်အောင် သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေခဲ့သူမှာ စူးယိရန်ဖြစ်ကာ သူ၏ လူငယ်ဘဝကို တလွဲတချော်မှုတွေနှင့် စိတ်ဓါတ်ကျမှုန်မှိုင်းမှုတွေအပြည့်ဖြစ်အောင် လုပ်ခဲ့သူမှာလည်း စူးယိရန်သာလျှင်ဖြစ်သည်။ သို့သော် ထိုအရာတွေက သူ့အတွက်အရေးပါလေတော့။လွန်ခဲ့သည့် ဆယ်နှစ်က စူးယိရန်ဟာ သူ့ကြောင့် ထောင်ထဲရောက်သွားရကာ တစ်ဖက်လူက ထောင်ထဲမှာ သေသွားခဲ့ပြီဟူသော သတင်းကိုကြားရဖို့လည်း သိပ်အချိန်မကြာခဲ့လိုက်ပေ။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now