Chapter 1 : Part 2

Start from the beginning
                                    

"ပိုကောင်းလာပြီလား"

ကုယွမ်းထင် စိတ်ထဲမှာ ခန့်မှန်းချက်များစွာ ဖျတ်ခနဲပေါ်လာကာ "အင်း"ဟု ခပ်ပေါ့ပေါ့ဆိုလိုက်သည်။ သူ၏ ရှည်လျားကာ နက်မှောင်သည့် ဖီးနစ်မျက်ဝန်းတို့ကတော့ စူးယိရန်ကို သုန်သုန်မှုန်မှုန်စိုက်ကြည့်နေကာ လူတစ်ကိုယ်လုံးကလည်း မှုန်မှိုင်းကာ အေးစက်နေသည်။

စူးယိရန်ဟာ ကုယွမ်းထင်က ကလေးဘဝက အဖြစ်အပျက်ကြောင့် မကြာခဏဆိုသလို ခံစားချက်မတည်မငြိမ်ဖြစ်တတ်ကြောင်း သိပါ၏။ သို့သော်လည်းသူတို့နှစ်ယောက် ချစ်မြတ်နိုးကြ၍ လက်ထပ်ပြီးချိန်မှာ ထိုအခြေအမျိုးက ဘယ်တုန်းကမှ ထပ်ဖြစ်ခဲ့ခြင်းမျိုး မရှိတော့ပေ။

ကုယွမ်းထင် သေချာပေါက် အခြေအနေမူမမှန်တာကို သူမြင်ရချိန်မှာ တစ်ဖက်လူက ခြေထောက်နာကျင်မှုကြောင့် အတိတ်ကိုပြန်အမှတ်ရမိနေတာပဲဟုသာ တွေးမိလိုက်သည်။သူ မနေနိုင်စွာပင် ကုယွမ်းထင်အနားသို့ စိတ်မကောင်းစွာ ချဥ်းကပ်၍လက်မောင်းကြားမှာ ထွေးပွေ့လိုက်ရင်း ဆံပင်တို့ကို ပွတ်သပ်ပေးလိုက်သည်။

"အဆင်ပြေပါတယ်။ကျွန်တော် ဒီမှာရှိတယ်လေ"

ခပ်နွေးနွေး ဝင်သက်ထွက်သက် တစ်ခုက သူ့အနား ဝိုင်းရံလာချိန်မှာ ကုယွမ်းထင် တုံ့ပြန်ချိန်မရလိုက်။ သူ့နှာခေါင်းဖျားကတော့ သကြားလုံး၏ ခပ်ဖျောဖျော့ချိုအီအီနံ့လေးကို ရှုမိသွားရသည်။ သူ ကြက်သေသေသွားတော့၏။ မည်သူကမျှ သူ့အား ဤနှယ် မဆက်ဆံရဲဖူးကြပေ။

သူ့အနေဖြင့် ဤလူနှင့် ဤလူ၏ အထိအတွေ့အားလုံးကို အလွန်အမင်းရွံ့မုန်းသင့်ပေမဲ့လည်း သူ့ခန္ဓာကိုယ်ကတော့ ခုခံတာမျိုးမရှိသလို ခံပြင်းတာမျိုးလည်းမရှိခဲ့။ အလိုက်သင့် လက်ခံနေသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုအလား။

ရုတ်တရက်ဆိုသလို ကုယွမ်းထင်မှာ သူ့နဖူးထက်ကနေ နူးညံ့သည့်အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ စူးယိရန်က သူ့ နဖူးအား ညင်သာစွာ နမ်းရှိုက်လိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာအား ကလေးတစ်ယောက်ကို ချော့မြူသည့်နှယ် ထိတွေ့လာကာ ခေါင်းငုံ့ရင်း နူးနူးညံ့ညံ့ကြည့်လာသည်။ထိုသူ၏ အညိုရောင်သူငယ်အိမ်တို့က ဖြူစင်နေကာ စိုးရိမ်ပူပန်မှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေ၏။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now