Only one Part 8
ဇွဲထက်လင်းတစ်ယောက် အလုပ်ကပြန်လာစဥ် ညီမဖြစ်သူရဲ့အခန်းနားကို အသာလျှောက်လာခဲ့လေသည် တံခါးကိုLockမချထား၍ တိတ်တိတ်လေးဖွင့်ကြည့်လိုက်တော့
"တောင်းပန်ပါတယ် ချစ်တကယ်တောင်းပန်ပါတယ် "
ချစ်သူရဲ့ဓာတ်ပုံကို ရင်ဘတ်ပေါ်တင်ကာ ငိုကြွေးနေတဲ့ညီမကိုတွေ့လိုက်ရလေတော့
စိတ်မကောင်းဖြစ်မိလေသည် ထို့ကြောင့်
တံခါးကိုအသံမထွက်အောင်ပိတ်ကာ . သူ့အခန်းဆီသို့သာ လျှောက်လာခဲ့လေသည်
After one week
"သမီးလေး နိုးလာပြှီလား "
"ဟုတ်ကဲ့ "
အမရာ အကိုဖြစ်သူကောင်းထက်လင်းရဲ့ဘေးမှာဝင်ထိုင်လိုက်လေသည်h
"ဒယ်ဒီ သမီးပြောစရာရှိလို့ "
"ပြောလေ ဘာလိုချင်လို့လဲ "
"သမီး Fashion company တစ်ခုထောင်ချင်တယ် ဒယ်ဒီ အဲ့ကြောင့် Royal Fashion ကို သမီးဦးစီးလို့ရလား "
အမရာ့စကားကြောင့် ဖခင်အပါဝင် အကိုတွေလဲ အံသြသွားရလေသည်
"သမီးလုပ်ချင်ရင်လုပ်လေ ဒယ်ဒီတောင်မှ အဲ့companyကို ဦးစီးမယ့်သူမရှိလို့ ဖျက်သိမ်းဖို့စဥ်းစားနေတာ "
"အဲ့ဆို သမီးတကယ်လုပ်မယ်နော် "
"လုပ် လုပ် "
ထိုနေ့မှစ၍ အမရာလဲ ဖခင်ရဲ့company
လက်ခွဲတစ်ခုဖြစ်တဲ့ fashion လုပ်ငန်းက်ို ဦးစီးခဲ့လေသည် အလုပ်ထဲမှာသာ စိတ်နှစ်ပြီး
အရာအားလုံးကို မေ့ဖျောက်ဖို့ကြိုးစားခဲ့လေသည် ပုံမှန်လူတစ်ယောက်လိုလှုပ်ရှားသွားလာနေထိုင်ပေမဲ့ သူမရဲ့အပြုံးတွေကတော့ အေးစက်သွားခဲ့လေသည် တစ်ဖက်မှာတော့ ခန့်ထည်ကတော့ အမရာ့အတွက် နိုင်ငံခြားကို ထွက်သွားခဲ့လေသည်
****************
ငါးနှစ်ကြာပြီးနောက်
"တစ်နှစ်တာရဲ့အကောင်းဆုံးFashion company ရောင်းအားဆုကိုတော့ Royal fashion မှ ဆွတ်ခူးရရှိသွားပါတယ်ရှင်"
TVမှ Royalဟူသော အသံကြားသဖြင့်
Tvဘက်အာရုံစိုက်လာသောလူ
"ဟုတ်ကဲ့ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် "
ဘယ်လောက်ဘဲ နှစ်တွေကြာကြာမှတ်မိနေဆဲဖြစ်တဲ့အသံ
(မင်းကတော့နေသားကျပြီး အဆင်ပြေနေပြီဘဲအမရာ အေးလေ ငါးနှစ်ဆိုတဲ့အချိန်က လူတစ်ယောက်ကို မေ့ပစ်ဖို့ဖြစ်နိုင်တဲ့အချိန်ဘဲလေ )
ခန့်ထည် Tvကိုငေးကြည့်ရင်းအတွေးပိုင်းစုံဖြင့် ရပ်နေစဥ်
"ဆရာ ဆရာ "
" အင်း "
"အစည်းဝေးစတော့ပါမယ်ဆရာ "
"ဟုတ်ပြီ လာခဲ့မယ် "
"ဟုတ်ကဲ့ "
တံခါးကိုအသာပိတ်ပြီးထွက်သွားတဲ့အတွင်းရေးမှူး
ခန့်ထည်လဲ အပေါ်ကုတ်ကိုဝတ်ကာ အစည်းဝေးခန်းသ်ို့ထွက်လာခဲ့လေသည်
******
"မမလေး ပြန်လာပြီလား "
"အင်း ဒယ်ဒီကော ပြန်ရောက်ပြီလား "
"ဟုတ်ကဲ့ ပြန်လာပါပြီ "
အမရာလဲ ဖခင်ကိုတွေ့ရန် ဖခင်ရဲ့စာဖတ်ခန်းထဲဝင်လိုက်လေသည်
"ဒယ်ဒီ"
"ရောက်လာပြီလား သမီး "
"ဟုတ်ကဲ့ "
"ထိုင်အုန်း သမီးကိုပြောစရာရှိတယ် "
"ဟုတ် "
အမရာလဲ ဖခင်ထိုင်နေတဲ့ ခုံဘေးဘက်က ခုံမှာဝင်ထိုင်လိုက်လေသည်
"နောက်အပတ်ထဲမှာ ဒယ်ဒီမိတ်ဆွေရဲ့ Company Anniversary ရှိတယ် သမီးကကိုယ်စားသွားလိုက် "
"ဘယ် company လဲ ဒယ်ဒီ "
"သမီးသိပြီးသားပါ သမီးသူငယ်ချင်း သူရိန်လေ အထက်တန်းထိတူတူတက်ခဲ့တဲ့သူငယ်ချင်းကြီးကို မမှတ်မိတော့ဘူးလား"
"အော် မှတ်မိပြီ ဒယ်ဒီ သူရိန်ကျော်မိုးလား"
"ဟူတ်တယ် သူ့အဖေဦးကျော်မိုးက ဒယ်ဒီမိတ်ဆွေလေ "
"ဟုတ်ကဲ့ အဲ့ဆိုသမီးသွားလိုက်ပါ့မယ် "
"အေးအေး သမီးသွားနားတော့လေ ပင်ပန်းနေမှာပေါ့"
"ဟုတ်ကဲ့ "
အမရာလဲ ဖခင်အခန်းမှထွက်ကာ သူ့အခန်းသူတက်လာခဲ့လေသည်
ရေချိုးပြီးတော့ ဘီဒီုထဲမှာအဝတ်ရှာနေတုန်း ထွက်လာတဲ့ Albumတစ်ခု
ဖွင့်ကြည့်လိုက်သည်နဲ့ ရင်ထဲမှာစူးနစ်နေသောဒဏ်ရာတစ်ခုက ပြန်ပေါ်လာသလို အရမ်းနာကျငိရလေသည်
ဆက်မခံစားနိုင်တော့တာကြောင့် တန်းပြန်ပိတ်ပစ်လေသည်
After one week
အမရာ ညစာစားပွဲကို သွားလေသည် ပွဲထဲသို့ဝင်လိုက်သညိနှင့်
"အမရာ"
ခေါ်သံကြား၍ လှည့်ကြည့်လိုက်စဥ် ေတွ့လိုက်ရသူ
"သူရိန်"
"ငါ့ကိုမှတ်မိနေသေးတာဘဲ "
"မှတ်မိပါတယ်နော် အဆင်ပြေတယ်မို့လား"
"အေး ပြေပါတယ် ငါတို့မတွေ့ဖြစိတာ 10နှစ်တောင်ရှိပြီထင်တယ် "
"ဟူတ်တယ် "
"နင်အရင်ကထက်ပိုပြီးချောလာတယ် အမရာ ရည်းစားရနေပြီလား "
သူရိန်စကားကြောငိ့ အမရာခနလောက်ရပ်တန့်မိသွားလေသည်
"မရသေးပါဘူးဟာ"
"စကားကောင်းနေတာနဲ့မေ့နေတယ် အထဲဝင်ရအောင်လေ လာ "
"အေး "
အမရာ သူရိန်နဲ့ ခန်းမထဲလိုက်သွားပြီး ဦးကျော်မိုးကို နှုတ်ဆက်လေသည်
"တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ် "
"အန်ကယ်လဲ ဝမ်းသာပါတယ် သမီးကိုတွေ့ချင်နေတာကြာပြီ နာမည်ကြီးဆိုတော့လဲ တွေ့ရဖို့ကခက်သား ကိုထွန်းလင်းကတော့
သမီးလိမ္မာလေးရထားတာဘဲ"
"မဟူတ်တာဘဲ အန်ကယ် သမီးကခုထိလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်"
"သမီးကအကုန်ပြည့်စုံနေပြီ ခုထက်ထိ မရင့်ကျက်သေးတာတော့သမီးသူငယ်ချင်းဘဲ"
သားဖြစ်သူကို မေးငေ့ပြလိုက်တဲ့ ဦးကျော်မိုး
ကြောင့် အမရာရယ်လိုက်လေသည်
"ဒယ်ဒီက ကျတော့ကို အရှက်ခွဲနေတာဘဲ"
"ငါကအမှန်တွေပြောနေတာလေ ခုတောင်မှ အလုပ်မဝင်ဘူးပြောနေတာနဲ့ သူ့အကိုရဲ့သူငယ်ချင်းဆီမှာအပ်ထားရတယ် "
ဦးကျော်မိုး သားဖြစ်သူရဲ့အကြောင်းတွေဖောက်သည်ချနေလေသည်
"ကဲ သားတို့အေးဆေးစကားပြောအုန်း အန်ကယ်ခနသွားအုန်းမယ် "
"ဟုတ်ကဲ့ "
နှစ်ယောက်သား တူတူစကားတွေပြောလိုက်
အစားသောက်တွေစားလိုက်လုပ်နေစဥ်
"သူရိန် "
နားထဲရုတ်တရက်ဝင်ရောက်လာသောအသံ
မှတ်ဥာဏ်မှာ ဘယ်လိုမှဖျောက်ပစ်မရနိုင်သော အသံ
"အကို လာပြီလား "
လက်ပြကာနှုတ်ဆက်လိုက်တဲ့သူရိန်ကြောင့် အနားရောက်လာသောသူ အမရာလဲ မော့ကြည့်လိုက်စဥ် အံသြသွားသောခန့်ထည်
နှစ်ယောက်သား အကြည့်တွေ ဆုံလျက်
"အကို့ကို မိတ်ဆက်ပေးရအုန်းမယ် ဒါက
ကျတော့်သူငယ်ချင်း ဆုအမရာလင်းတဲ့ အမရာ ဒါကငါခုလုပ်နေတဲ့ Company က MD
ကိုခန့်ထည်မင်း"
ခန့်ထည်အရမ်းတွေအံသြကာ ဘာလုပိလို့လုပ်ရမှန်းမသိစဥ် လက်ကမ်းပေးလိုက်သော
အမရာ
"တွေ့ရတာဝမ်းသာပါတယ် ဆုအမရာလင်းပါ"
အမရာအရင်စနှုတ်ဆက်မှ ပြန်ပြီးလက်ကမ်းပေးလိုက်သော သူ
"ကျတော်လဲ တွေ့ရတာဝမ်းသာပါတယ်"
နှစ်ယောက်သား ခုမှစသိတဲ့လူတွေလို လက်ဆွဲနှုဆက်ဆက်လိုက်လေသည်
(လူတိုင်းရူးသွပ်ကြတာ အချစ်ကြောင့်ဘဲဖြစ်မှာဘဲ ငါလဲရူးသွပ်ခဲ့တာအချစ်ကြောင့်ဘဲဖြစ်နိုင်တယ် တချို့က နီးစပ်ခွင့်ရပေမဲ့ တချို့က ကမ္ဘာတစ်ဖကိစီကွာဝေးခဲ့ ငါတို့နှစ်ယောက်မပေါင်းနိုင်ခဲ့တာဘာကြောင့်လဲ နောက်ဆုံးတော့လဲ ဒါတွေအားလုံးဟာအိပ်မက်ဘဲ ရက်လနှစ်တွေသာကြာမြင့်ခဲ့
တကယ်ဝေးကွာခဲ့အဲ့တာမှနိတရားဘဲ မထင်ထားပေါ့ ငါ မထင်ထားပေါ့ ခုလိုနေ့မှာပြန်ဆုံမယိလို့ငါမထင်ထားတော့ ဘယ်လိုစပီးငါအရင်စကားပြော ကြောက်စိတ်ကြောငွ် ငါ့နှုတိခမ်းများတောင်အင်အားလျော့ ဖြစ်နေတာပေါ့ စပြီးကမ်းတဲ့သူ့ရဲ့လက်ကိုနှုတ်ဆက်လို့ကြို ခုမှငါတို့သိတဲ့မိတ်ဆွေနှစ်ဦးလို ခုဆိုငါ့ဘက်ကို အနေမခက်အောင် မင်းဘက်က စပြီးဟန်ဆောင်ပေးတံ့အတွက်ကျေးဇူးပါဘဲ မိန်းကလေး )
ဘာတွေဆက်ဖြစ်မလဲ part 9
YOU ARE READING
Only one(completed )
RomanceOnly one ငါတို့တွေဘယ်လိုဘဲဝေးဝေး ဘာကြောင့်ဘဲဝေးဝေး မင်းကဘဲငါ့ဘဝရဲ့တစ်ဦးတည်းသောချစ်ရသူဖြစ်နေမှာပါ အရမ်းချစ်ကြတဲ့သူတို့နှစ်ယောက် ဖခင်တွေရဲ့ ရန်ညှိုးတွေကြား ဘယ်လိုတွေဆက်ချစ်ကြမလဲ?
