အပိုင်း ၅(unicode)

Start from the beginning
                                    

"အန်တီတို့ မိသားစုကိစ္စကို မင်းနားလည်မှာ မဟုတ်ဘူး၊ အာ့ကြောင့် မင်းလာရာလမ်းကို ပြန်လှည့်နိုင်တယ်၊ ဂီယာ့ကို ပျော်ရွှင်အောင်ပဲ ထားပေးလိုက်ပါ၊ သူ့ရောဂါ အနည်းငယ်တော့ သက်သာလာနိုင်ပါတယ်၊ အန်တီ မင်းကို ပြောနိုင်တာ ဒါပဲသား"

တည်ငြိမ်စွာ ပြောပြသွားတဲ့ ဒေါက်တာ သီသီထွန်းကို ကြည့်ပြီး သူခဏတာ ဆွံ့အနေပြန်သည်။ သူကားမောင်းနေသည့်တိုင် သူ၏ အတွေးထဲတွင် ဗလာနိတ္ထ။ မိသားစုဆိုသည် စိတ်မလုံခြုံမှုကို စတင်နေသည့် အရာတစ်ခုဖြစ်သလို စိတ်လုံခြုံမှုကို အနှောင့်အယှက်ပေးနိုင်သော  အရာတစ်ခုပင်။ သူ ဆေးကျောင်းသားဖြစ်စဉ် အလုပ်သင် ဘဝ၌ များစွာသော လူနာမျိုးစုံ မြင်တွေ့ခဲ့ရသည်။ ထိုလူနာတွေရဲ့ ၃ပုံ၂ပုံက မိသားစုကြောင့် စိတ်ရောဂါ ခံစားနေရသူများပင် ဖြစ်သည်။ ကမ္ဘာပေါ်မှာ မိသားစုက အနွေးထွေးဆုံးလို့ ရှေးလူကြီးတွေ ဆိုခဲ့ကြပေမဲ့ အခုတော့ ဘာ့ကြောင့်များးးးးးး။သူကားကို လမ်းဘေးချကာ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်၊ သူဆုံးဖြတ်ချက်က မှန်သလား၊ မှားသလား သူမသိပေ၊ သူအခု သိတာ နှလုံးသား တစ်စုံ ပျော်ရွှင်ဖို့ပဲ၊ သူ့စိတ်ထဲမှာ ထိုအရာသာရှိသည်။

                          **************************

"ပွင့်သောပန်းတိုင်းလည်း  . . . . . . .မမွှေးတတ်လေပြီ . . . . . .

လှသောပန်းတိုင်းလည်း. . . . . . . .  မမွှေးတတ်လေပြီ. . . . . . .

အများက စွှန့်ပယ်ခြင်းကို . . . . . . . .ခံထားရတဲ့ ပန်း . . . . . . . .

လမ်းဘေးတစ်လျှောက်မှာ ပေါက်နေတာ. . . . . လွှမ်းပြီ. . . . . ."

သီချင်းလေး ညည်းပြီး ပြတင်းပေါက်ဘက် မျက်နှာမူကာ လေပြေရဲ့ အငွေ့အသက်ကို ခံစားနေသော ကောင်ငယ်လေးကို ကြည့်မိကာ ကြည်နူးနေမိသည်။ အခုမှ အခန်းတံခါးပေါက်ကနေ ချောင်းကာ ကြည့်နေသော သူ့အဖြစ်ကို ကြည့်ပြီး ပြုံးစိစိဖြစ်မိပြန်သည်။ ဒီကောင်ငယ်လေးကြောင့် သူပြုံးမိတာ တော်တော်ပင် များနေပြီ၊ ကောင်ငယ်လေးရေ မင်းလေးကို ပြုံးမိအောင် ကိုယ်ဆရာဝန်အဖြစ်ကနေ စုံထောက်အဖြစ်ပြောင်းရတော့မယ် ထင်တယ်။ ကိုယ်ရဲ့ ရောဂါကတော့ ကုလို့မရအောင်ကို စွဲနေပြီကွ။ ဆေးယဉ်ပါးနေတဲ့ ရောဂါတစ်ခုဟာ မင်းအပြုံးလေးနဲ့ ကုသမှ ပျောက်မယ် ဆိုပါတော့ကွာ။

My Dear GentlemenWhere stories live. Discover now