အခန်း(၂၀)(Uni & Zawgyi)

Start from the beginning
                                    

၀ဏ္ဏနှင့် သူ့ကောင်လေးကတော့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲပြန်သွားပြီဖြစ်သည်။ ကိုနေထွဋ်အလုပ်က ကြာကြာပစ်ထားလို့လည်း မရသည်ဖြစ်၍ ၀ဏ္ဏကိုပါ အပါခေါ်၍ ပြန်သွားကြသည်။ကြာကြာခွဲမနေနိုင်သည့် တစ်တီတူးမောင်နှံပင်။

အင်း...သူတို့အတွဲတောင် မကြာခင် လက် ထပ်ကြတော့မည်။ မိမိတို့အတွဲကတော့....

ချမ်းမြေ့ ထပ်မံပြီး သက်ပြင်းချမိပြန်သည်။

"ဟ....စကားလေးတော့ပြန်ပြောဦးဟ...သက်ပြင်းတွေပဲဇွတ်ချနေ..အသက်တိုသွားလို့ လင်မယူလိုက်ရပဲနေလိမ့်မယ်"

"ဖယ်စမ်းကွာ...ညစ်နေတာကို လာစမနေနဲ့"

လည်ပင်းအား အတင်းလာဖက်သည့် ဟန်ငြိမ်းအား တွန်းဖယ်ပြီး ချမ်းမြေ့ စိတ်မရှည်စွာပြောမိသည်။

"ဘာလဲ...လင်ပူမိပြန်ပြီလား"

"အေး..."

စပ်ဖြီးဖြီးမေးသည့် ဟန်ငြိမ်းအား ချမ်းမြေ့ရုပ်တည်နဲ့ အံကြိတ်သံဖြင့် ခပ်ရွဲ့ရွဲ့ဖြေပေးလိုက်သည်။

"မင်းကလဲကွာ...ငါကစတာပါဟ...ဘာပြဿနာရှိကြလို့လဲ...ကူညီပေးနိုင်တာဆို ငါ့ကိုပြောလေ"

ဟန်ငြိမ်း​ပြေပြေလည်လည် ပြောလာတော့ ချမ်း​မြေ့လည်း သက်ပြင်းသာ,အသာချမိတော့သည်။ဟန်ငြိမ်းပြောသလိုပင် ချမ်းမြေ့လည်း အသက်တိုတော့မည်။

"မင်းတို့လည်း မကူညီနိုင်ဘူး....ခုဟာကကွာ..."

ချမ်းမြေ့ဆက်မပြောပဲ စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်များအား ဆွဲဖွပစ်လိုက်မိသည်။

"အင်း...ဘာဖြစ်လဲ"

စကားထောက်ပေးလာသည့် ဟန်ငြိမ်းက ချမ်းမြေ့အား သူ့ကို ရင်ဖွင့်စေချင်ပုံပင်။ ချမ်း မြေ့သူငယ်ချင်းများက ဒီလိုအခက်ခဲရှိချိန်ဆို အရမ်းချစ်ဖို့ကောင်းသည်။ ကူညီနိုင်တာဆို ကူညီပေးကြပြီး မကူညီနိုင်ရင်တောင် ရင်ဖွင့်တာကို နားထောင်းပေးတတ်ကြသည်။ ပြီးရင် စိတ်မညစ်အောင် အားပေးလိုက် ပျော်အောင်စပေးလိုက်နှင့် စိတ်သက်သာရာ ရအောင်ပြုလုပ်ပေးတတ်ကြသည်။ ချမ်းမြေ့ သူငယ်ချင်းကောင်းလေးများကို ရထားပါသည်။ တစ်ခါတစ်လေ အမြင်ကပ်စရာကောင်းပေမယ်လို့ပေါ့!

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now