အပိုင်း ၂။

1.4K 172 19
                                    


(U)

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း Baekhyun ကိုယ့်ကိုယ်ကိုယ်မုန်းတီးမိသည်။ Baekhyun လက်တွဲထားရတဲ့ Chanyeolကိုလည်းမုန်းသည်။ လှပတယ်လို့တွေးခဲ့မိတဲ့ Hallက အခုတော့စိတ်ပျက်စရာအပြည့်။ ၀တ်ဆင်ထားရတဲ့၀တ်စုံပြည့် ၊ Baekhyunကို BaekEun အဖြစ်အထင်မှားနေကြတဲ့ ဧည့်ပရိသတ်တွေ ၊ ဒီတိုင်းဒီနေရာမှာရှိနေတဲ့သူအားလုံးကို Baekhyun မုန်းသည်။

လျှောက်လမ်းအဆုံးရောက်တော့ နှစ်ယောက်လုံးရပ်ပြီး Fatherရှေ့မျက်နှာမူလိုက်ကြသည်။ Hall
တစ်ခန်းလုံးတိတ်ဆိတ်သွားကြပြီး Fatherကလည်း ကျမ်းစာအုပ်ဖွင့်ကာ စတင်ရွတ်ဆိုတော့သည်။

ခဏအကြာ ၀န်ထမ်းတစ်ချို့ရောက်လာပြီး ဗန်းပေါ်တင်ထားတဲ့ ကျမ်းစာနှစ်အုပ်ကို Baekhyunနှင့် Chanyeol အားကမ်းပေးလာသည်။
ထိုကျမ်းစာအုပ်ကို ကိုင်ထားရတဲ့ Baekhyun လက်ကတုန်ယင်နေလေသည်။ ဒါပေမယ့် ဘယ်သူမှသတိမထားမိကြပေ။

"ကျွန်တော် Park Chanyeolသည် Byun BaekEunအား သစ္စာရှိရှိပေါင်းသင်းသွားပါမယ်လို့ ကတိပြုပါတယ် .. အေးအတူပူအမျှ အကောင်းအဆိုးကိုမျှဝေသွားပြီး အပျော်ရွှင်ရဆုံးအချိန်နှင့် ၀မ်းအနည်းဆုံးအချိန်မှာလည်း အတူရှိသွားပါမယ်"

"..."

Baekhyun မျက်နှာအနေအထားက သိပ်မလှတော့။ နဖူးထိပ်မှာလည်း ချွေးစက်တွေကပ်ညှိနေပြီး နှလုံးသားတစ်နေရာကလည်း အပြစ်လုပ်ထားသူတစ်ယောက်ကဲ့သို့ ခုန်ပေါက်လှုပ်ရှားနေသည်။

ဒီကနေ ထွက်ပြေးသွားလိုက်ရင်ကောင်းမလား ?

"သတို့သား Byun BaekEun"

Father ခေါ်သံကြားတော့မှ Baekhyun အသိစိတ်၀င်လာသည်။ ယောင်နနဖြင့် Chanyeolကိုကြည့်မိတော့ Baekhyunကို မှင်သေသေဖြင့်ကြည့်နေသည်။ တစ်ဖန် ဧည့်ပရိသတ်တွေကိုကြည့်တော့ အားလုံးရဲ့အကြည့်တွေက Baekhyun ဆီမှာသာရှိနေလေသည်။ Baekhyunရဲ့မွေးဖခင်ကတော့ 'အခုချက်ချင်း ကျမ်းစာကိုဖတ်' ဆိုတဲ့အမူအရာဖြင့်။

"ကျွန်တော် .. Byun BaekEunသည်"

မတရားပါ။ လုံး၀မတရားပါ။ Baekhyun ကဘာဖြစ်လို့ BaekEun အဖြစ်ဟန်ဆောင်နေရပြီး ဒီအရှုပ်ထုပ်ထဲ ကြားညှပ်သွားရတာလဲ ?

PARK BAEKHYUN [ COMPLETED ]Where stories live. Discover now