သက်နှင်းအိမ်က ယုမော်ဆီက ရုန်းထွက်နိုင်ခဲ့သည်ဆိုရင်တောင် ကျွန်တော်ကတော့ မည်သို့ပင်ဖြစ်စေ မောင့်ဆီမှာပဲ တွယ်ကပ်ရင်း ဘဝခရီးကို ဆုံးချင်သည်။...

'' ကလေး မင်းမှာ ဖတ်စရာမရှိတော့ဘူးလား ဒီစာအုပ်ပဲ ဖတ်နေသလိုပဲ ''

'' မဟုတ်ပါဘူး ကျွန်တော်ကြိုက်လို့လေ ''

'' မင်းက မိန်းကလေးလည်းမဟုတ်ပဲ ဘာလို့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကို အရမ်းကြိုက်ရတာလဲ ''

'' ဒီမှာ မောင်။ ဒီစာအုပ်က မောင်တို့ ယောကျာ်းတွေ ဘယ်လောက်တောင် အတ္တကြီး မာနကြီး လဲဆိုတာ ကွက်ကွက်ကွင်းကွင်း ရေးပြထားတာ ။ အချစ်တစ်ခုကိုနင်းပြီး အမြဲအပေါ်စီးကနေအနိုင်ယူချင်နေကြတာ ။
ဟွန့် ယောကျာ်း တွေ မ ကောင်းဘူး ''

ခွန်းအားမျက်စောင်းလေးထိုးလိုက်ပြီး
တည့်တည့်မပြောရဲသော်လည်း ကွေ့ဝိုက်ကာ စောင်းမြောင်းပြောလိုက်သေးသည်။

'' အယ် ဒါဆို မင်းက..... ''

'' အခြောက် အခြောက်.....မောင့်အတွက်ခြောက်ပေးနေတဲ့အခြောက် သိပြီလား ''

'' ဟား...ဟား...''

တိမ်တိုက်က အရမ်းချွဲနွဲ့သော လေသံဖြင့် လုပ်ယူကာ ပြောတော့ ခွန်း စာအုပ်ကြီးဖြင့် မျက်နှာကိုအုပ်ကာ မတရားထရီတော့သည်။ မရီလို့လည်းမရ... ယောကျာ်းတစ်ယောက်က ယောကျာ်းတွေမကောင်းကြောင်းကို စိတ်ဆိုးစွာပြောနေတာကိုး။

ရီရလွန်းလို့ ခွန်းမျက်ရည်လေးတောင်လဲ့သွားသည်။ တိမ်တိုက်ကိုကြည့်တော့ မျက်တောင်လေးတွေ ကိုလာထောက်နေပြီဖြစ်သော ဆံပင်အုပ်အုပ်လေးအောက်က မျက်လုံးဝိုင်းကြီးက ထောင့်ကိုဒိန်းခနဲ ကပ်ကာဘုကြည့်ကြည့်တော့သည်။

'' မရီနဲ့ ကိုယ့်စာ ကိုယ်ဖတ် ဒါပဲ ''

ခွန်း ခေါင်းလေးရမ်းကာ ပြုံးစိစိဖြင့်သူ့စာအုပ်သူပြန်ဖတ်နေတော့သည်။ နောက်တော့ တိမ်တိုက်လည်း ဖတ်လက်စ ကိုဆက်ဖတ်နေသည်။

ဖတ်နေရင်း တစ်နေရာရောက်တော့ တိမ်တိုက်တစ်ခုခုကို သတိရသွားသည်။ သည်အခန်းက သူ အပြင်မှာ ခွန်း သိပ်ကိုပြောဖူးချင်နေသော အခန်းတစ်ခန်းပင်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now