"Taehyungကွာ လူဆိုး"
"ယောကျာ်းလို့မခေါ်ချင်ဘူးလား မောင့်ကို"
"အယ်"
Taehyungစကားအပေါ်အံ့ဩသွားသည့် Hoseokကအူလည်လည်လေးကြည့်လာသည်။
"ပြောလေအကို"
"ဘာ ဘာပြောရမှာလဲ"
"မောင့်ကိုယောကျာ်းလို့ခေါ်ပါလားလို့"
အကိုကဘာမှပြန်မပြောပြုရှက်ရမ်းရမ်းပြီးအရှေ့ကိုပြန်လှည့်သွားသည်။ ပြီးမှ တိုးတိုးလေးခေါ်လာသည်။
"ယောက် ယောကျာ်း! ဟိ"
"မောင့်ရဲ့အကိုကအသဲယားစရာလေးကွာ"
အကို့တစ်ကိုယ်လုံးကိုအနောက်ကနေသိမ်းကြုံးပြီးဖက်ပလိုက်သည်။
"အကိုနောက်တစ်ခုရှိသေးတယ်"
.
"ဘာ ဘာလဲ""မောင် လို့လဲခေါ်ကြည့်ပါလား"
"မောင်"
စကားနားထောင်သည့်အကိုက ချက်ချင်းပင် မောင်ဟုခေါ်လာသည်။
"နောက်ဆိုရင်လေ Taehyungတို့ မင်းလို့မသုံးနဲ့တော့နော်
မောင်လို့ခေါ်ရင်ခေါ် မခေါ်ရင်ယောကျာ်းလို့ခေါ် သိလားအကို""မခေါ်လို့မရဘူးလား"
"ခေါ်ပါ အကို့ဆီကအဲ့လိုခေါ်တာလေးကြားချင်လို့ပါ"
"ဟုတ်ပါပီ ဟုတ်ပါပီ "
အကိုကခပ်ရေးရေးပြုံးကာ သဘောတူကြောင်းခေါင်းငြိမ့်လာသည်။
"အကိုလဲ ကိတ်လုပ်လို့ပြီးနေပြီ စားရအောင်လေ"
"ဟုတ်"
အကိုကစားရအောင်ဟုပြောသောကြောင့် Taehyungက
ဖျော်ပြီးသားhot chocolateနှစ်ခွက်ကိုယူကာ စားပွဲပေါ်တင်ပြီးထိုင်ခုံတွင်ထိုင်လိုက်သည်။အကိုကဘေစင်တွင်လက်ဆေးအပြီး ကိတ်ပန်းကန်နှစ်ချပ်ကိုကိုင်ကာ ဒီဘက်အလှည့်တွင်
ခလွမ်း!
ဝုန်း!
"အကို!!!!"
အကို..အကိုက ပန်းကန်နှစ်ချပ်နှင့်အတူ သတိလစ်ကာကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ ပန်းကန်တွေလဲကွဲကုန်သလို ကိတ်တွေကလဲပေပွကုန်သည်။
KAMU SEDANG MEMBACA
လွမ်းပုံပြင် [VOPE] || Short Story
Fiksi Penggemarလွမ်းပုံပြင်... အတိတ်ပုံပြင်တွေက မလှပခဲ့ပေ သို့သော် လွမ်းမောဖွယ်ရာအပြည့်။ အချစ်တွေသည် အတိတ်တွေ၌ ကျန်ရစ်ခဲ့သော်လဲ နှလုံးသားတွေသည် လတ်ဆတ်နေသေး၏။ [VOPE]
လွမ်းပုံပြင် အပိုင်း(၄)
Mulai dari awal