#Unicode
လွမ်းပုံပြင်...အပိုင်း(၃)
ကျွန်တော်တို့နှစ်ယောက်အချစ်ကအေးချမ်းနေခဲ့ပေမယ့် တကယ်တမ်းလက်ထပ်ကြတော့မည့်အခါ မိသားစု၏ရှုံ့ချမှုနှင့် ပတ်ဝန်းကျင်၏ဝေဖန်ကဲ့ရဲ့သံများကြောင့် ခက်ခဲခဲ့ကြသည်။
အကို့ကိုတစ်ခမ်းတနားလက်ထပ်ယူချင်သည့် ဆန္ဒအစုံသည် ပတ်ဝန်းကျင်၏တံတွေးခွက်တွင် စုံးစုံးမြုပ်ခဲ့ရသည်။
သူနှင့်သာအတူရှိရမယ်ဆို ကျန်တဲ့အရာတွေမမှုသည့်အကိုကလဲ မိဘတွေအမွေဖြတ်တာခံပြီး သူ့လက်ကိုရဲရဲတွဲခဲ့သည်။ဒါတွေကိုမမှုတော့သည့်အကိုက သူအရမ်းကြိုက်သည့်တောင်ပေါ်ဒေသလေး၏ ဘုရားကျောင်းလေး၌ နှစ်ယောက်တစ်ကမ္ဘာလုပ်ကာ လက်ထပ်ခဲ့ကြသည်။
ဖာသာမရှိ အားပေးမယ့်သူမရှိသည့် ကျယ်ဝန်းသောဘုရားကျောင်းအတွင်း၌ တိတ်ဆိတ်အေးချမ်းစွာ ကတိပြုခဲ့ကြသည်။
Taehyungက အကို့လက်ကိုဆုပ်ကိုင်ထားကာ
"သတို့သားJung Hoseokက သတို့သားKim Taehyungကို သစ္စာရှိရှိပေါင်းသင်းပါမည်ဟု ကတိပေးပါသလား"
"ကတိပေးပါသည်"
တစ်ဖန် Hoseokမှ
"သတို့သားKim Taehyungက သတို့သားJung Hoseokကို သစ္စာရှိရှိပေါင်းသင်းပါမည်ဟု ကတိပေးပါသလား"
"ကတိပြုပါသည်"
ကတိပြုခြင်းအပြီးမှာ နှစ်ယောက်သားလက်စွပ်လဲဝတ်ကြသည်။တစ်ဘဝလုံးစာနှောင်ကြိုးတွေကို လက်စွပ်ကလေးကိုသက်သေပြုကာ ချည်နှောင်လိုက်ကြသည်။
ဖေးမမည့်မိသားစုမရှိ ဂုဏ်ပြုပေးမည့်သူငယ်ချင်းတွေမရှိပေမယ့် နှစ်ယောက်တည်းသာ ကတိသစ္စာပြုရင်းလက်ထပ်ခဲ့ကြသည်။
"အကို ဒီနေ့ကစပြီး အကိုကကျွန်တော့်အပိုင်ဖြစ်သွားပြီနော်"
အရှက်ပိုသည့်အကိုက နူးနူးညံ့ညံ့ပြုံးကာ ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်နဲ့နေဖို့ရဲရဲ့လားအကို ကြမ်းတမ်းကောင်းကြမ်းတမ်းနိုင်တယ်နော်အကို"
"မင်းလက်ကိုတွဲဖို့ရဲလို့ပဲ အကိုတို့အခုလိုလက်ထပ်ပြီးပီမလား"
YOU ARE READING
လွမ်းပုံပြင် [VOPE] || Short Story
Fanfictionလွမ်းပုံပြင်... အတိတ်ပုံပြင်တွေက မလှပခဲ့ပေ သို့သော် လွမ်းမောဖွယ်ရာအပြည့်။ အချစ်တွေသည် အတိတ်တွေ၌ ကျန်ရစ်ခဲ့သော်လဲ နှလုံးသားတွေသည် လတ်ဆတ်နေသေး၏။ [VOPE]