အခန်းငယ်(၇)

293 17 1
                                    

Unicode
********

'နှလုံးသားမယ် မေတ္တာထားရင် စူးတတ်တယ်ဆိုတာ မောင်သိပါစ
အသည်းငယ်တယ်ပြောရင်မောင်ကလှောင်ဦးမယ် တကယ်တော့ ‌သည်လူက မောင်နဲ့ တစ်သက်လုံးလက်တွဲသွားရမယ် မဟုတ်မှန်းကြိုသိပါတယ်'

မာမီ နဲ့ မောင်စကားပြောသံတွေကြားနေရသလို ဒယ်ဒီ့ကားသံလည်းကြားလိုက်ရတယ်။

ဘာလို့များ ပျို့ကိုစိတ်ဝင်စားပြနေသလဲ မောင်
ပျို့မယ် စိတ်မယိုင်ပါရစေနဲ့။

မောင်လိုချင်တာ ပေးနိုင်ဖို့ မောင့်မျက်နှာခဏခဏမြင်နေရလို့ဘယ်ဖြစ်ပါ့မလဲ။

ပတ္တလားလေး အထီးကျန်နေပြီ။
ပျို့ဟာတူရိယာတွေမချစ်တတ်တော့ဘူးလား။

မောင်လိုချင်တဲ့ မြန်မာဆန်ဆန်နေထိုင်မှုပုံစံဆိုလို့ မြန်မာသံစဉ်တွေတီးခတ်တာလောက်ပဲရှိတဲ့ပျို့။
မောင့်အသည်းနှလုံးကို ပိုင်ချင်သော်လည်း မယူရက်တဲ့ပျို့။

မောင် ပျို့ကိုချစ်မိသွားမှာ သိပ်စိုးတာပဲ။

မောင့်အစားပျို့ကသာနှစ်ဆခံစားပေးလိုက်ပါ့မယ်လေ။

ပျို့ အိမ်တွင်းပုန်းရင်း ဒယ်ဒီ့ဆီကဩဇာလေးလည်းခံယူရင်း မောင့်အားလွမ်းရင်းနေခဲ့သည်။

တစ်နေ့ မဖြစ်မနေတက်ရမည့် ပွဲတစ်ခု တွင် ဒယ်ဒီ့မိတ်ဆွေတွေအားစန္ဒယားတီးပြရန်ဖိတ်ကြားခံရ၍ ပျို့လည်း ဒယ်ဒီ မျက်နှာပျက်အောင်လုပ်ရန်တမင်ကူညီဖို့ထွက်လာခဲ့သည်။ဒယ်ဒီ့လိုလူက အနုပညာကို နားမလည်ပါဘူးလေ။ လူတွေအပျင်းပြေအောင် ဖျော်ဖြေရုံလောက်အဆင်တန်ဆာသာသာသဘောထားတာကိုပျို့မကြိုက်မိတာ။

"ဘာဖြစ်တာလဲ ဒရိုင်ဘာ"

အထက်စီးဆန်သောပျို့၊ မာနကြီးသောပျို့၊ အလုပ်အကိုင်နာမည်တပ်ခေါ်သောပျို့ဟာ နည်းနည်းလေးမှ မနှစ်သက်စရာ။ မျက်နှာနဲ့ အပြုအမူလေးက တစ်မအေတည်းကမွေးလာတာဟုတ်ပါ့မလား အံ့အားသင့်ရသည်။

"ရှေ့မှာ သခင်လေး လူ စာရေးလေးပိတ်ရပ်နေတယ် ခင်ဗျ"

ကြောက်ကြောက်နဲ့ သံတော်ဦးတင်ရတဲ့ ဒရိုင်ဘာလေးကိုမျက်နှာသာပေးသည့်အနေဖြင့်ပြဿနာမရှာဘဲ ကားတံခါးဖွင့်ခိုင်းလိုက်သည်

မောင်မချစ်ရWhere stories live. Discover now