အပိုင်း(၆) : လူကိုကယ် (က)

425 78 0
                                    

Translator : Jinnie Grace

အပိုင်း(၆) : လူကိုကယ် (က)
__________

"ဟေ့ မိန်းကလေး...."
လီချွယ့်ဇီလို ကျွမ်းကျွမ်းကျင်ကျင်လိမ်စားနိုင်တဲ့ သူတောင်ယွင်ရုန်ပြောတာကိုကြားတော့နှလုံးတစ်ချက်ခုန်သွားမိတယ်။

သူပြောတာနဲ့ယှဉ္ရင်တောင် စကားက ဆိုးနေတုန်းပဲဆိုတော့! သူ့မျက်နှာအသွေးအရောင်က ပုံမှန်မဟုတ်တော့ဘူး။
"မင်း ဘာတွေ လာပြောနေတာလဲ?"

အစကတော့ လီချွယ့်ဇီက အရမ်းမဆိုးဝါးတဲ့သူလို့ ယွင်ရုန်ထင်တယ်လေ။ အဲ့တော့ တွေ့လက်စနဲ့ဆိုပြီး စကားနည်းနည်း​ပြောပေးလိုက်တာ။ သူယုံယုံ မယုံယုံ ဂရုမစိုက်ဘူးရယ်။
"ကျွန်မ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူး။ ယုံတာမယုံတာ ရှင့်အပိုင်း"

နှစ်ယောက်ပြောနေတဲ့လေသံကျယ်နေတော့ လမ်းမှာဖြတ်သွားတဲ့သူတွေက စိတ်ဝင်တစားနဲ့ ရပ်ကြည့်နေကြတယ်။

အစကတော့ လီချွယ့်ဇီ ပြန်ပြီးငြင်းမလို့ပါပဲ။ ဒါပေမယ့် လူတွေအုံလာကိုမြင်တော့ သူ့ရဲ့ စိတ်ရှုပ်သွားတဲ့အမူအရာကိုပြင်လိုက်ပြီး မိုးထဲလေထဲမှာတောင်မတုန်လှုပ်တဲ့ မသေမျိုးပုံစံကြီး ဖမ်းလိုက်တော့တာပေါ့။
"မင်း...ဒီမိန်းကလေးက လူတွေရဲ့ စိတ်ကောင်းစေတနာကောင်းကို နားမလည်ဘူးပဲ။ မင်းမယုံမှတော့ငါလည်းဘယ်တတ်နိုင်မလဲ? ဘေးဒုက္ခဖြစ်လာမှာကိုတော့ရှောင်နိုင်မှာမဟုတ်ဘူး။ ကဲ သွား သွား သွား ကျုပ်ကိုရော ကျုပ်နဲ့ရေစက်ရှိတဲ့သူတွေကိုရော မနှောက်ယှက်ပါနဲ့တော့"

ယွင်ရုန်မျက်မှောင်ကျုံ့လိုက်တယ်။ သူမ လူတွေအပေါ်ကို သေချာပြောပြပေးတာရှားပါတယ်။ ဒီလူကတော့ ဖျောင်းဖျလို့မရဘူးပဲကိုး။ ဖြစ်လာမယ့်ကိစ္စအတွက်တော့ သူမကို အပြစ်မတင်သင့်တော့ဘူး။ သူမခေါင်းငြိမ့်ပြီး ပြောလိုက်တယ်။
"ဖြစ်လာမယ့်ဘေးကိုတော့ မရှောင်နိုင်တာ အမှန်ပဲ။"

အဲ့စကားကိုကြားရတဲ့အချိန်မှာ လီချွယ့်ဇီက ခွေးခြေခုံမှာထိုင်ရင်း အမျိုးသမီးတစ်ယောက်ကို လက္ခဏာကြည့်ပေးနေတာ။ သူ့ဂုတ်တော့ အနည်းငယ်အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူ အလိုအလျောက်ပဲစမ်းကြည့်မိတော့ ဘာမှမရှိဘူး။

ငါ့တောင်ကို ဘယ်ကောင်ရွေ့တာလဲ?Where stories live. Discover now