"စောင့်လို့တော့မရဘူး ကျွန်တော် ဒီညခင်ဗျားကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး..."

သူ​ပြောတော့ ရှင်းခန့်က သူ့ထုံးစံအတိုင်း မျက်လုံးကြည်ကြည်လေးများဖြင့် ကြည့်လာပြီးမှ....

"ဘာဖြစ်လို့လဲ..."

"ကျွန်တော် အလုပ်ပြန်သွားရမယ်လေ..."

ထိုအခါမှ ရှင်းခန့်က မျက်ခုံးလေးပင့် ခေါင်းလေးညိတ်ကာ

"သြော် ဟုတ်သား မင်းအလုပ်ရှိသေးတာပဲ ရတယ်လေ ကိုယ်လည်း ဒီအတိုင်းတစ်ယောက်ထဲ ကြောင်တောင်တောင် ဖြစ်နေမဲ့အတူတူ မင်းအလုပ်ကိုလိုက်ခဲ့မယ်လေ သက်သက်ကြီး အဖော်လုပ်ပေးစရာ မလို‌တော့ဘူးပေါ့

ရှင်းခန့်၏ ခပ်တိုးတိုးပြောသောစကားက သူ့နားထဲမှာတော့ ဒိန်းကနဲမြည်ဟည်းသွားစေသလို သူ့အားအတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ဟိုတယ်အခန်းထဲမှာ လာပြေးတွေ့ရတာကိစ္စမရှိပေမဲ့လို့ ဆိုင်အထိခေါ်သွားဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဖြစ်သည်။အဆိုးဆုံးကတော့ ဒီညကို သူတို့သူငယ်ချင်းအုပ်စုတွေ ဆိုင်မှာဆုံကြဖို့ရှိနေတာဖြစ်လေသည်။ထို့ကြောင့် ဘယ်လိုမှကို သူတို့နှစ်ယောက်အတူတွဲရှိနေ၍ မဖြစ်ချေ။သူတို့ရဲ့ပတ်သတ်မှုကို လူပုံအလယ်အထိ ဆွဲထုတ်သွားဖို့ဆိုတာတော့ သူ့အနေဖြင့် စဥ်းတောင်မစဥ်းစားဖူးတဲ့ ကိစ္စဖြစ်သည်။မျိုးတူ လိင်တူ ယောက်ျားတစ်ယောက်နှင့် အခုလိုတိတ်တဆိတ် ပတ်သတ်မှုမျိုးမှာ ငြိနေခဲ့တာကိုတောင်မှ ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။ရှောင်ဖယ်လိုခြင်း ရုန်းထွက်လိုခြင်းနှင့်  ငြိတွယ်မိနေခြင်း စသည့်အစွန်းနှစ်ဖက်ကြားမှာ ဒွိဟစိတ်များဖြင့် သူပိတ်မိနေခဲ့တာဖြစ်သည်။တစ်ဖက်ကလက်လွှတ်ချင်တဲ့စိတ် တစ်ဖက်ကသာယာမှုရှာချင်စိတ်တို့ဖြင့် လွန်ဆွဲရင်း ဒီလူ့ဆီကနေ မလွတ်မြောက်နိုင်။သူ့အဖြစ်က မကောင်းမှန်း‌သိနေလည်း ဒီသာယာမှုကိုပဲ ဆေးစွဲသလိုစွဲနေခဲ့လေသည်။

"မဖြစ်ဘူး..."

ဆိုင်းလော့ဒ်၏ လေသံခပ်ပြတ်ပြတ်ကြောင့် ရှင်းခန့်၏ လှုပ်ရှားမှုတို့ နှေးကွေးသွားရပြီး နားမလည်နိုင်သောအကြည့်တို့ဖြင့် ထပ်မံလှည့်ကြည့်လို့လာလေသည်။

Wild  Rose(complete)Where stories live. Discover now