အခန်း(၁၇)(Uni & Zawgyi)

Start from the beginning
                                    

"ပေး..အဲ့စာကို"

ဦးစံသာ စာအားလှမ်းတောင်းတော့ ဖိုးချစ်မှာ စာကိုနောက်သို့အမြန်ဖွတ်လိုက်ပြီး...

"ကိုကြီးချမ်းမြေ့မောင်က ကိုကြီးဟန်ချီကိုပဲပေးရမယ်လို့မှာလိုက်တာ...ဘကြီးကိုဘာကိစ္စပေးရမှာလဲ...ကိုကြီးဟန်ချီကိုသာခေါ်ပေးဗျာ"

"တယ်...ဒီကလေး..ငါပြောရင်မကောင်းရှိတော့မယ်! မင်းတို့ကိုကြီးက အိပ်နေတယ်..ငါ့ကိုပေးထားခဲ့ ငါပေးလိုက်မယ်"

"မရပါဘူး ကိုကြီးဟန်ချီကိုပဲပေးရမှာ..ဘကြီးကိုမယုံပေါင်"

"အောင်မာ...ငါကသူ့အဖေနော်....ပေးထားခဲ့မလားပြော...မပေးရင် မင်းတို့အမေ မခင်လုံးကို ငါသွားတိုင်လိုက်မယ်နော်..."

"ဟာ..ပေးမယ် ပေးမယ်"

ဦးစံသာ ခြောက်ပြောတော့ ကလေးနှစ်ယောက်မှာ ပြာပြာသလဲနှင့် စာအားထုတ်ပေးသည်။ မျက်နှာများကတော့စူပုပ်လို့။ မနိုင်ကောင်တွေက အမေကိုတော့အတော်ကြောက်ကြသည်။

"ဘကြီး ပေးဖြစ်အောင်ပေးလိုက်နော်...ကိုကြီးချမ်းမြေ့မောင်ကဆိုတာလည်း ပြောလိုက်ဦး"

"အေး.."

ညီအကိုနှစ်ယောက် လောင်းလှေစီးကာပြန်ထွက်သွားသည်ကိုကြည့်ပြီးမှ ဦးစံသာ လက်ထဲ စာအားအကြည့်ပြန်ရောက်သည်။ ဖွင့်ဖတ်သင့်သည်လားမသိ။ သိချင်စိတ်များနေပေမယ့် သားကိစ္စဆိုတော့ သူပိုင်စိုးပိုင်နင်းများဖြစ်နေမလား?အင်း...ယောကျာ်းလေးချင်းပေးတာပဲ စနောက်တာမျိုးဖြစ်မှာပေါ့! ဖတ်ကြည့်ရုံနဲ့ ဘာမှတော့မဖြစ်လောက်ပါဘူး။

ဦးစံသာ စိတ်ပိုင်းဖြတ်ပြီး စာရွက်ခေါက်လေးအား ဖြည်ကာ ဖွင့်ဖတ်မိသည်။ ပါရှိသည့်စာမှာ...

💌  သို့ ...မောင့်ရဲ့ဟန်ချီ....

ဒီနေ့မိုးတွေတအားရွာတာပဲနော်....

မောင့်မှာ မင်းကိုလာတွေ့ချင်တာကို...အဲ့မိုးကြောင့် မတွေ့ရဘူး!

အရမ်းလွမ်းနေတာ မောင့်ရဲ့အသစ်စက်စက်ချစ်သူလေးကို...ဟီး

အာ့ကြောင့် မောင် အလွမ်းပြေ စာရေးလိုက်တာ...ဟီး...ပိုသွားလားပဲနော်...

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now