Companyတွင်ဖြစ်သွားသောပြဿနာအရပ်ရပ်များကြောင့် သတင်း၊ဂျာနယ်၊မီဒီယာများ၏အာရုံစူးစိုက်မှုသည် Jeon Groupထံတွင်ပုံကျလျက်။ ကြီးကျယ်လှသောCompanyကြီးတစ်ခုဖြစ်သည်နှင့်အညီ ရှောင်လွဲ၍မရလေတော့ သတင်းစာရှင်းလင်းပွဲလုပ်ရန်အကြောင်းဖန်လာလေသည်။

"Jeonဥက္ကဌကြီးရဲ့ဒုတိယအမျိုးသမီးကတကယ်ပဲ ပြစ်မှုကျူးလွန်သူတစ်ယောက်လားခင်ဗျ"

"Han GroupကHan Yunaနဲ့လည်းသက်ဆိုင်မှုရှိတယ်လို့သိရပါတယ်။ အဲ့တာကရောအမှန်ပဲလားခင်ဗျ"

"သားဖြစ်သူJeon Dohyunကသားအရင်းမဟုတ်ဘူးလို့သတင်းတွေပျံနှံ့နေပါတယ်။အဲ့တာကရောတကယ်လားရှင့်။"

"Kim Groupရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူKim Taehyungနဲ့Jeon Groupရဲ့သားဖြစ်Jeon Jungkookတို့ငြိစွန်းနေတယ်လို့သိရပါတယ်အဲ့တာကရောအမှန်ပဲလားဗျ"

သတင်းထောက်တချို့၏နောက်ဆုံးမေးခွန်းကြောင့် ကျန်ရှိနေသောသတင်းထောက်များဟာလည်းအုံကြွကာထိုမေးခွန်းကိုသာအထပ်ထပ်မေးလျက်ရှိကြသည်။

"မေးခွန်းများအားလုံးကိုစတင်မေးလို့ရပါပြီ"
ဥက္ကဌကြီး၏PAဖြစ်သူမှတရားဝင်ကြေညာချက်အဆုံး..

"Jeonဥက္ကဌကြီးရဲ့ဒုတိယအမျိုးသမီးကတကယ်ပဲ ပြစ်မှုကျူးလွန်သူတစ်ယောက်လားခင်ဗျ"

"ဟုတ်ပါတယ်JiAhကတိုက်ရိုက်ပြစ်မှုကျူးလွန်သူမဟုတ်ပေမဲ့ကြံရာပါအနေနဲ့ပါဝင်နေသူတစ်ယောက်ပါ"

"ယခုဒုတိယအမျိုးသမီးကအကျဥ်းထောင်ထဲရောက်နေတယ်လို့ကြားသိရပါတယ် အဲ့တာကရော"

"ဟုတ်ပါတယ်အခုလက်ရှိမှာသူ(မ)ကဆိုးလ်အကျဥ်းထောင်ကြီးထဲမှာပါ"

"Han Groupနဲ့လည်းပါဝင်ပတ်သက်မှုရှိတယ်လို့သိရပါတယ်။ အဲ့တာကိုရောဖြေပေးနိုင်မလားရှင့်"

"ဒီမေးခွန်းကတစ်ဖက်လုပ်ငန်းစုကိုထိခိုက်နိုင်လို့ ဒီမေးခွန်းအတွက်အဖြေဟာမရှိပါဘူး"

"Jeon Dohyunကသားအရင်းမဟုတ်ဘူးတိုတာရောအမှန်လားရှင့်"

"သားအရင်းမဟုတ်ပေမဲ့သားအရင်းတစ်ယောက်လိုချစ်ရတဲ့သားပါ"

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now