အခန်းငယ်(၄)

Start from the beginning
                                    

ပျို့ မောင့်ကို ရင်ထဲက စကားတွေပြောမလို့ စေ့စေ့ကြည့်လိုက်သော်ငြား ပင်ပန်းနေသော မျက်ဝန်း‌တွေကိုသနားစဖွယ်မြင်လိုက်ရသည်။

မောင့်ရဲ့ အဲ့အကြည့်က ဘာလဲ။
ငါ့မိန်းကလေးကိုမထိပါနဲ့။ ငါ့ကိုပဲထိပါ ဆိုတဲ့သဘောလား။
အလိုလေး ချစ်တတ်လိုက်တာမောင်ရယ် စိတ်တောင်မကောင်းဘူး။

"ထပါ မောင် မာမီမြင်သွားရင်မကောင်းဘူး တော်ကြာ သူ့သမက်ကလေး ကို ပျို့ကစိတ်ဆိုးနေတယ်‌ထင်သွားဦးမယ် ဒေါ်ဒေါ်ရောနေကောင်းရဲ့လား မောင့်မှာပြုစုရလို့ပင်ပန်းပြီးမျက်တွင်းတောင်ချောင်သွားတာပဲ ပျို့အိမ်မှာ တစ်ရက်လောက်အနားယူလှည့်မလား မောင်"

ထိကပါးရိကပါးပြောရင်သိပ်စိတ်ဆိုးတတ်တဲ့မောင်ကယခုတော့တစ်စုံတစ်ရာကိုအကျိတ်အနယ်စဉ်းစားနေဟန်...

"အို"

ပျို့ရဲ့ ပေါင်ပေါ်ခေါင်းအပ်လို့ လက်ချောင်းတွေကနယ်ကျွံလာလေသည်။

"မင်းလိုချင်တာ ဒါလား
တကယ်လို့ငါ‌ပေးလိုက်ရင် မင်းစေ့စပ်ထားတာဖျက်ပေးမလား"

ပျို့အထင်မှားသွားတယ်။
မောင်က ပျို့ထက် အဆများစွာရက်စက်တဲ့သူပဲ။

ဖြန်း

ပန်းပင်ရေလောင်းရင်း ထမင်းစားခန်းက အသံကြားတာမို့ အမြန်သွားကြည့်လိုက်ရသည်။

"ဘာဖြစ်တာလဲ သား"

ကာဖီခွက်အောက်ခံတစ်ခြမ်းပဲ့ကို ကိုင်ထားသော ပျို့က လက်ကိုခါလိုက်သည်။

"ကြွက်တွေ့လို့ခြောက်လိုက်တာပါ မာမီ ဒင်းကရာရာစစ ပျို့ကို လန့်စေတယ်လေ ခုတော့မှတ်လောက်ပါပြီ"

မောင်က ကုလားထိုင်ပေါ်ပြန်ထိုင်လို့ မာဖလာပြင်ပတ်လိုက်ပေမဲ့ မာမီကမူသိပ်မယုံသလိုကြည့်နေခဲ့သည်။

"ဒါဖြင့်လည်း ပြီးရော စားပြီးရင်မင်းတို့ဘိုင်စကုတ်သွားကြည့်ချင်ကြည့်လေ ရန်မဖြစ်ရဘူးနော် ပျို့ ပျို့လက်က မာမီ့အတွက် ရတနာလေးဆိုတာသိတယ်မလား"

မာမီက မောင်ဒဏ်ရာရမှာစိတ်ပူခြင်းမဟုတ်ဘဲ ပျို့လက်ကလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်တာပင်။ မောင်အံကြိတ်လိုက်သလို မျက်နှာလွှဲလိုက်၍ ပါးစောင်းကနီနေတာ မာမီတွေ့သွားလောက်သည်။

မောင်မချစ်ရWhere stories live. Discover now