ဆိုင်းလော့ဒ်သာ ရှိနေလျှင်တော့ ဘာရယ်ညာရယ်မဟုတ်ပဲ အိပ်ချိန်စားချိန်မှန်ဖို့ သတိပေးနေအုံးမှာဖြစ်သည်။အားလပ်ချိန်လေးရလိုက်တာနှင့် အဲ့ဒီကောင်လေးက သူ့ဉီးနှောက်ထဲကိုတိုးဝင်လာ‌တော့တာပဲ။ဖတ်ဖူးတဲ့ကဗျာထဲကစာသားကိုတောင် သတိရမိတယ် သံယောဇဉ်ဆိုတာအရောဝင်လို့မကောင်းတဲ့ခွေးလေးလိုပဲတဲ့။အမှန်ပဲ သူတို့ကြားမှာ သံယောဇဉ်လို့ဆိုရလောက်တဲ့အထိ ရင်းနှီးမှုမရှိကြပေမဲ့လည်း လပိုင်းလောက်လေး အတူရှိလိုက်ရတာကို အကျင့်ကြီးပါနေခဲ့သည်။အနားမှာရှိနေတုန်းကတော့ မသိသာပေမဲ့ အခုလိုအဝေးရောက်နေတော့ အဲ့ကောင်လေး၏ အကြောင်းတွေကိုသာ နေ့နေ့ညညတွေးနေမိတော့သည်။

ဟုတ်သားပဲ အခုပဲနေ့လည်၂နာရီတောင်ထိုးနေပြီ။ဆိုင်းလော့ဒ်ဟာ သူ့ဆီကို ဆက်သွယ်မှုတစ်စုံတစ်ရာ မပြုလုပ်လာသေးချေ။စိတ်ကတွေးမိတာနှင့် လက်ကဖုန်းကိုကောက်ကိုင်လိုက်ပြီးသား ဖြစ်သွားသည်။ဖုန်းခေါ်ဖို့ပြင်လိုက်ပြီးမှ တွေဝေနေမိပြန်သည်။တကယ်ဆို ညတုန်းက သူ့ဖက်ကစပြီး ဆက်သွယ်ခဲ့ပြီးပြီး မဟုတ်လား။အနည်းဆုံးတော့ ဆိုင်းလော့ဒ်ဖက်မှာ ဒီအတိုင်းငြိမ်သက်နေဖို့ မကောင်းလှပေ။သူ့ဆီကို အဆက်အသွယ်ပြုသင့်တယ်မဟုတ်လား။သတိရပါတယ်ဆိုပြီး မိနစ်ပိုင်းစာဆက်သွယ်မှု သေးသေးလေးဟာ သူ့အတွက်လုံလောက်တာတဲ့လား။ဒါမှမဟုတ် သူ့ကိုမလွှဲမရှောင်သာ သတိရတယ်ပြောပြီး တကယ်ပဲ မဆက်သွယ်ချင်တာမျိုးလား။

ဘာဖြစ်ဖြစ် သူများစိတ်ကိုတွေးပြီး တွက်ကပ်နေတက်တာ  သူ့ပုံစံမှ မဟုတ်တာ။သူ့အတွက်‌တော့ သူ့စိတ်ဆန္ဒကပဲ အရေးကြီးဆုံးမဟုတ်လား။ဆိုင်းလော့ဒ် ခေါ်ချင်ချင် မခေါ်ချင်ချင် သူခေါ်ချင်တဲ့အခါ ခေါ်လိုက်မှာပဲဖြစ်သည်။
ဘာကိုများ အများကြီးတွေးနေစရာလိုလို့လဲ။ဖုန်းလေးတစ်‌ကောလ်အတွက် ဘာကြောင့်များ ရှာကြံအတွေးများနေရမှာလဲ။ဖုန်းက အတန်ကြာဝင်နေပြီးမှ ကိုင်လေသည်။ဖုန်းကိုင်လိုက်တာနှင့် တိုးဝင်လာသော ဆူဆူညံညံအသံများကြောင့် သူ့၏မျက်ခုံးတို့တွန့်သွားရပြီးမှ....

"ဟယ်လို"

"အင်း..."

သူအသံပြုလိုက်တော့မှ ဆိုင်းလော့ဒ်ဆီမှ အင်းဟုသော မပွင့်တပွင့်အသံကထွက်ပေါ်လာသည်။

Wild  Rose(complete)Where stories live. Discover now