Chapter (66)

Depuis le début
                                    

—နောက်တစ်စက္ကန့်အတွင်း ရှန်းချိုက်၏လက်ချောင်းများသည် ထိုဘူးငယ်လေးကိုကျော်သွားပြီး ဘက်စကတ်ဘောကောင်လေး၏လက်ကောက်ဝတ်ကို တိုက်ရိုက်ဆုပ်ကိုင်လိုက်တော့သည်။

အမှန်တကယ်တော့ ရှန်းချိုက်သည်လည်း ခွန်အားပြည့်ဝသော လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏အမျိုးသမီးအကပါတနာကိုတောင် လွယ်လင့်တကူ ပင့်မြှောက်နိုင်သည့်အတွက် စန်မန်ချွမ်ကိုဆွဲခေါ်ဖို့ရန်မှာ အရမ်းကြီးလည်း မခက်ခဲပေ။

စန်မန်ချွမ်ကတော့ အံ့အားသင့်နေလျက်ရှိပြီး မသိစိတ်က မတ်တပ်ထရပ်လိုက်မိသည်။

"ငါ့နောက်လိုက်ခဲ့" ရှန်းချိုက် ခပ်တိုးတိုးပြောလိုက်ပြီး သူ့ချစ်သူကောင်လေး၏ လက်ကောက်ဝတ်ကို  တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း အပြင်ဘက်ဆီသို့ ဆွဲခေါ်သွားတော့သည်။

စန်မန်ချွမ်ကတော့ ကြောင်တက်တက်ဖြင့် သူ့နောက်ကလိုက်နေ၏။ ရှန်းချိုက်၏မျက်နှာအမူအယာသည် အနည်းငယ်မူမမှန်ဖြစ်နေသည်ဟု သူခံစားမိသော်လည်း တွဲဆက်ထားသော သူတို့၏လက်များကိုငုံ့ကြည့်မိသောအခါတွင်တော့ သူကသာ အလွန်အမင်းစဉ်းစားနေခြင်းဖြစ်မည်ဟု မှတ်ယူလိုက်တော့သည်။

ခန်းမထဲရှိ လူငယ်များကလည်း ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩနဘန်းဖြစ်နေကြ၏။ သူတို့သည်  လက်ကိုင်ဖုန်းများကို ကိုင်ထားကြဆဲဖြစ်ပြီး  ဘုမသိဘမသိအမူအယာများဖြင့် ဘယ်ညာပြန်ကြည့်နေကြလေသည်။

ဘတ်စကက်ဘော ကစားသမားအများအပြားကတော့  အချင်းချင်းတီးတိုးပြောနေကြ၏။ "ဒါ လက်ခံလိုက်တာလား?? လက်မခံတာလားကွ??"

"ဒါ လက်ခံလိုက်တာပဲဖြစ်ရမယ်... ငါတို့ခေါင်းဆောင်ရဲ့ချစ်သူလေးက ရှက်သွားတာဖြစ်မှာပေါ့၊ သူတို့အချင်းချင်း သီးသန့်စကားပြောချင်နေကြတာထင်တယ်"

"အေးကွ... မင်းသွားစမ်း!! ငါ့မှာ ပုံတွေရှိတယ်နော်!"

ယောက်ျားလေးအနည်းစုကတော့ သူတို့အရွယ်ကောင်လေးတွေသဘောကျသော ဟာသများကို ပြောဆိုကြရင်း ဟားတိုက်နေကြလေသည်။

ထိုအစား သူတို့ဘေးနားတွင်ရပ်နေကြသည့် ချစ်သူကောင်မလေးများကတော့ မိန်းကလေးများသာနားလည်နိုင်သည့် စိုးရိမ်နေသောအကြည့်များဖြင့် အကြည့်ချင်းဖလှယ်နေကြသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Où les histoires vivent. Découvrez maintenant