ရှန်းချိုက်သည် စန်မန်ချွမ်အား လူကြီးတစ်ယောက်ကဲ့သို့ ပြဿနာများကို တွေးတောတတ်ရန်  ကြိုးစားစေချင်ခဲ့သော်လည်း သူကြောင့် စန်မန်ချွမ်အစစ်အမှန်မှာ ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်နေခဲ့၏။ အမှန်တကယ်လည်း စန်မန်ချွမ်၏ ချစ်စဖွယ်အကောင်းဆုံးအပိုင်းမှာ သူ့ပတ်လည်ရှိ တောက်ပလွန်းသောနေရောင်ခြည်များ၊ သူ၏ အသက်ဝင်မှုများနှင့် အပြစ်ကင်းစင်မှုတို့သာဖြစ်နေခဲ့သည်။

သူတို့နှစ်ဦးသည် အံကိုက်မဖြစ်သော ဂီယာနှစ်ခုနှင့် ဆင်တူ၏။ ထို့ကြောင့် ဒီအတိုင်းသာ ဆက်သွားပါက နှစ်ဦးနှစ်ဖက် ထိခိုက်ကြမည်ပင်။

စန်မန်ချွမ်က ကောင်းမွန်၏။ ထို့အတူ ရှန်းချိုက်ကလည်း  ကောင်းမွန်လေသည်။

သို့သော် လူကောင်းနှစ်ယောက် အတူတူရှိနေခြင်းကလည်း လူတိုင်းချီးကျူးရမည့် ပျော်ရွှင်စရာကောင်းသော ဆက်ဆံရေးတစ်ခုဖြစ်လာမည်ဟု မဆိုနိုင်ပေ။

ယခုအချိန်တွင်တော့ ရှန်းချိုက်အနေဖြင့် ဤ Relationship ကို အဆုံးသတ်သင့်ပြီဖြစ်သည်။

မမျှော်လင့်ထားဘဲ ဘွဲ့နှင်းသဘင်ရာသီ၏ လမ်းခွဲခြင်းကျိန်စာမှ သူတို့သည်လည်း အခြားသူများနည်းတူ မလွတ်မြောက်ခဲ့ကြပေ။

ရှန်းချိုက်သည် စန်မန်ချွမ်နှင့်ချိန်းဆို၍ ဤကိစ္စနှင့် ပတ်သက်ပြီး ကောင်းမွန်စွာစကားပြောရန်နှင့် ဤ Relationship ကို အဆုံးသတ်ရန် ဆန္ဒရှိနေခဲ့သည်။

ကံမကောင်းစွာပင် သူတို့နှစ်ယောက်စလုံးသည် ဘွဲ့ယူခါနီးဖြစ်သည့်အတွက် ပြင်ဆင်စရာအများကြီး ရှိနေ၏။

ရလဒ်အနေနဲ့ကတော့ ဤကိစ္စမှာ ထပ်ခါထပ်ခါ  နှောင့်နှေးနေခဲ့ခြင်းသာ။

- - - - - - - - - -

ဟွာချောင်းတက္ကသိုလ်၏ ဘွဲ့ရသူများစာရင်းတွင် ရှန်းချိုက်သည် အ​ထင်ပေါ်ဆုံးဖြစ်နေ၏။  သူသည်  တွဲဖက်အကအကယ်ဒမီမှ တိုက်ရိုက်ရောက်ရှိလာခြင်းဖြစ်သောကြောင့် တက္ကသိုလ်တံခါးဝသို့ ပထမဆုံးခြေချစဥ်ကတည်းက လူတိုင်းလိုလိုသည် သနားစရာကောင်းသော သူ့ဘဝအကြောင်းကို အစအဆုံးသိပြီးကြပြီဖြစ်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Opowieści tętniące życiem. Odkryj je teraz