Special Part-3 {Final} (Unicode)

334 23 2
                                    

"အယ်ပီ~ဟင့် ဟင့် အယ်ပီ"

"ဟီးးအီးး အယ်ပီ..."

Tao တစ်ယောက်မှာတော့ ကြမ်းပြင်ပေါ်လူးလိမ့်ငိုနေသော ကိုယ်တော်လေး Luhan နှင့် တဟင့်ဟင့်နှင့် ငုတ်တုပ် ငိုနေသော မင်းသား BaekHyun တို့ကိုကြည့်ပြီး ရူးချင်စိတ်ပေါက်ကာ ချက်ချင်းပင် အိမ်ပြန်ပြေးချင် စိတ်များက တဖွားဖွား..

"မသွားနဲ့နော် အယ်ပီ မောင်မင်းကို ငါတို့ပေးမပြန်နိုင်ဘူး"

စိတ်ပျက်လက်ပျက် ထိုင်နေမိသော Tao ရဲ့ အင်္ကျီစကို အတင်းဆွဲကာ ခေါင်းတစ်ခါခါပြောနေတဲ့ BaekHyun မင်းသားက မျက်ရည်လည်ရွှဲ နှပ်ချေးတွဲလောင်းနှင့် ..

Tao ခဗျာ သက်ပြင်းခပ်သာသာချလို့ .. အနှီမျောက်လောင်းကြင်ယာတော်နှစ်ကောင်ကို မည်သို့မည်ပုံ နှစ်သိမ့်ရမှန်း စဉ်းစားခန်းဝင်နေမိသည်..

"အယ်ပီ မင်း တကယ်ပြန်မှာလား"

ကြမ်းပြင်ပေါ် လူးလိမ့်ငိုနေသည့် Luhan ကပါ အလူးအလဲထကာ မျက်နှာငယ်လေးနှင့် မေးနေပြန်တော့ Tao ခဗျာ နောက်ထပ် သက်ပြင်းမောကြီးကို အရှည်ကြီးချလို့ရယ်..

ဪ မပြန်လို့မှမရပေပဲ..
ဒီမှာသာ ဒီ့ထက်အချိန်ကြာရင် နောက်တစ်ဘဝကူးသွားနိုင်သည်မို့ အကျပ်ရိုက်နေသည်..
သတ်မှတ်ထားသည့် အချိန်ထက်ပိုကာ နေမိလျှင် အသက်ဇီဝန်ကြွေနိုင်သည် မဟုတ်ပေလား ..
အချိန်ခရီးသွားခြင်းဆိုသည်ကလည်း သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းတို့ကို လိုက်နာနိုင်မှသာ အသက်အန္တရာယ်ကို မထိခိုက်နိုင်သည်လေ..
သံယောဇဉ်က သံယောဇဉ် အသက်ကအသက်..
အီးး!!

"ကျနော်မျိုးမပြန်လို့မရဘူး ပြန်ကိုပြန်မှဖြစ်.."

ဖျပ်!ဖျပ်!ဖျပ်!

စိတ်ကြီးပုံရသည့် ကိုယ်တော်လေး Luhan သည် အစောက မျက်နှာငယ်နှင့် ငိုယိုနေသည်မှာ သူမဟုတ်သည့်အတိုင်းပင် သူ့လက်ဆွဲတော် ယပ်တောင်ကြီးကိုကိုင်ကာ ပြန်မည်တကဲကဲလုပ်နေသည့် Tao ၏ ခေါင်းကို တီးပြန်သည်..

"ဟေ့ အယ်ပီ မောင်မင်း ပြန်ကိုပြန်မှဖြစ်မှာလား"

BaekHyun မင်းသားကပင် မျက်နှာချေကြီးနှင့် လေသံမာကာမေးလာသည်မို့ Tao အနည်းငယ်လန့်သော်လည်း ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်ဟုတင်းခံကာ အံကျိတ်လျက်

The Light Of EgoKde žijí příběhy. Začni objevovat