Ep-10

342 20 1
                                    

"မမ"

"အော် ဆရာ"

ဆိုင်ထဲသို့ ဝင်လာသော တခွင်ကြောင့်   တော်ဝင် ဧည့်ဝတ်ပျူငှါရ ပြန်ပါသည်

"ကျွန်တော် အသုတ် ၁ပွဲပြင်ပေးနော် အမ"

"ဟုတ်ကဲ့ ဆရာ"

ဆိုင်ထဲမှာ လူရှင်းနေသဖြင့် တော်ဝင်ကို တစ်ခွင် မျက်စိဒေါက်ထောက်လိုက်ငေးနေမိလေသည်

"ဆရာ ရပြီနော်"

"အမ ထိုင်ဦးလေ စကားပြောရတာပေါ့"

"အင်း"

တော်ဝင် တစ်ခွင် အရှေ့တွင် ဝင်ထိုင်လိုက်တော့

"အစ်မ တစ်ယောက်ထဲ သမီးနဲ့ ရုန်းကန်နေရတာ မပင်ပန်းဘူးလားဟင်"

သူ အမေးကြောင့် ညိုးလျှနွမ်းနယ်နေသော မျက်နှာလေးမှ နွှမ်းလျှလျှ အပြုံးလေးတစ်ခု ဖြစ်ထွန်းလာကာ

"ပင်ပန်းတယ်ဆိုတာ ကျွန်မ အတွက် စာတော့ သိပ်မဖွဲ့ချင်တော့ပါဘူး ဆရာရယ် သမီးတစ်ယောက် လက်ကိုဆွဲပြီး ဒီအချိန်ထိ ကျွန်မ ရပ်တည်ခဲ့ပြီးပြီပဲ သမီးမျက်နှာ မြင်ရရင် ပင်ပန်းတာလေးတွေ တကယ်ပျောက်ပြီး ပင်ပန်းတာက အားဆေးတစ်ခွက်ပါပဲ"

သူမ စကားကြောင့် တစ်ခွင် သွားဆွယ်လေးတွေ ပေါ်အောင်ပြုံးလိုက်ပြီး

"အစ်မလို မိခင်မျိုးက တကယ်ရှားတယ်"

"အဟွန့်"

တော်ဝင် နှုတ်ခမ်းလေး လှုပ် ရုံ ပြုံးလိုက်ပြီး

"ဆရာက ကျွန်မကို မြှောက်နေပြန်ပါပြီ"

"မြှောက်တာ မဟုတ်ဘူး တကယ်ပြောတာ ဒါနဲ့ အစ်မဆိုင်လေး ဒီထက်ကောင်းအောင် ပြင်ပြီး ထမင်းဆိုင် သဘောမျိုး ဝန်ထမ်းခေါ်ပြီး မဖွင့်ချင်ဘူးလား"

"အဟွန့်"

သူ အမေးစကားကြောင့် တော်ဝင် ရယ်လိုက်ပြီး

"ဆရာပြောတာက ကျွန်မ အတွက် စိတ်ကူးယဥ် အိမ်မက်ပါ ကျွန်မလဲ လုပ်ချင်တာပေါ့ ဆရာရယ် ဒါပေမယ့် ကျွန်မ အဲ့လောက်များတဲ့ ငွေပမာဏ မှ မရှိတာ"

"ကျွန်တော် ကူညီမယ်ဆိုရင်ရော"

"ဆရာ အပေါ်မှာ သမီးလေးရဲ့ ဆရာတစ်ယောက်အဖြစ် တော်ဝင် တကယ်လေးစားပါတယ် ဆရာ ဒါပေမယ့် ဆရာ"

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now