🐥 1 🐰

1.1K 68 6
                                    

ကြီးမားတဲ့အဆောက်အုံကြီးအောက်တွင်
ပြိုင်ကား ခရမ်းရောင်လေး အရှိန်ပြင်းစွာ
မောင်းနင်းဝင်ရောက်လာသည်။
ကားပေါ်က ဆင်းဆင်းခြင်း လယ်သာဖိနပ်
အနက်ရောက်ခြေတဖက်က အရင်ခြေချလိုက်ရာ နောက်မှ ခန္တာကိုယ်တကိုယ်လုံးကို
အဖြူရောင်ဆင်မြန်းလျှက် ကားပေါ်ကနေ
မျက်နှာကို မော့ချီလျှက် အဆောက်အဦး
အတွင်းသို့ တရွေ့ရွေ့လှမ်းလာခဲ့သည်။
သူနာမည်ကတော့ ပတ်ဂျီမင် ပိုက်ဆံရှိရင်
ဘာမဆိုဖြစ်တယ် အနုပညာကို ဝါသနာပါလို့
လုပ်တာ အချိန်မတိကျဘူး  တဖက်သားကို
အားမနာ ဘယ်သူမှလူမထင်သလို အရမ်း
မောက်မာလို့ လူတိုင်းသိပ်မတည့်ဘူး
သူအဲ့လိုနေပေမဲ့လဲ သူကြော်ငြာတခုရိုက်လိုက်ရင် 3 စက္ကန့်အတွင်း အကုန်ရောင်း
ကုန်တာပဲ။
အဆိုးဆုံးက သူရဲ့မိထွေး သူနဲ့အသက် 10 နှစ်
လောက်သာကွာတဲ့ ဖက်ရှင်ဆိုင်က အမျိုးသမီး သူနာမည်က ဂန်ဟာနာ
အခုလဲ ဟိုတယ်အသစ်ဖွင့်ပွဲကို ရှိုးလျှောက်ဖို့
ရောက်လာချိန်....

"ကျတော် လာမယ်လို့ ပြောပြီးပြီလေ!!
ဘာလို့ဖုန်းတေဆက်တိုက်ခေါ်နေတာလဲ!!
ကိုယ့်ကိစ္စကို တာဝန်မယူတက်တဲ့သူမှ
မဟုတ်ပဲ!!ကျတော်ကားကို သွားထား!!"

ကားသော့ကို သူလာကြိုတဲ့သူတေဆီ ပစ်ပေါက်ပေးလိုက်ပြီ အထဲသို့ ဝင်လာလိုက်သည်။
ပတ်ဂျီမင်ကတော့ ပတ်ဂျီမင်ပါပဲ အဖေက
ပတ်လုပ်ငန်းစုရဲ့ CEO ပိုက်ဆံရှိ မိတဆိုးလေးမို့ သဲသဲလှုပ်အချစ်ခံထားရတော့
မာန်ချီနေလျှက်...

အနက်ရောင် အနောက်တိုင်းဝတ်စုံကို
ဆင်းမြန်းလျှက် ဟိုတယ်ဖွင့်ပွဲအခမ်းအနားကို
တက်ရောက်လာတဲ့ ဂျွန်ဂျောင်ကု
သူကတော့ အချိန်တိကျတယ် ပြက်သားတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းတေကို
ဦးဆောင်နိုင်တော့ လူအများလေးစားအားကျရတဲ့ ဟိုတယ်ပိုင်ရှင်လေး အခုလဲ သူရဲ့သူငယ်ချင်း ဟိုတယ်ဖွင့်ပွဲမို့ သူတက်ရောက်ဖို့
လာခဲ့တာ....

"ဟာ!!ဂျောင်ကု !!အံ့ဩစရာပဲ မင်းလာမယ့်လို့ မထင်ထားဘူး!!"

ဧည့်သည်တေနဲ့ စကားပြောနေတဲ့ အွန်းဝူတယောက် ဂျောင်ကုကိုမြင်တော့ အနားသို့
လာပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

ငန်းဖြူလေးရဲ့ ချစ်ပုံပြင်Where stories live. Discover now