သူရောကိုယ်ပါ ညက တိုးတိတိအကြင်နာအ
နမ်းတွေနဲ့ ရင်တွင်းစကားတစ်ချို့ရင်ဖွင့်ခဲ့ကြ
သေး၏။ သူလေးရဲ့ ခပ်အေးအေးအနေအ
ထားလေသံလေးနဲ့ ပြောပြတာလေးတွေကို
ခေါင်းတငြိမ်ငြိမ်နဲ့ နားထောင်ရင်း ကြိုလင့်
နေလိုက်၏။

အခန်းထဲက တိုးတိတ်စွာထွက်လာအပြီး
အောက်ထပ်သို့ခြေသံလုံလုံနှင့်ဆင်းလာခဲ့၏။ အဝတ်အစားတွေကိုသေချာပြင်ဝတ်ပြီး ခပ်သွက်သွက်လျှောက်လှမ်းကာ အိမ်ရှေ့
သို့ ထွက်လာလိုက်စဥ်....။

"အဆင့်သင့်ဖြစ်ပြီလား...တည်စေရာမိုင်"

ဟု ဒန်နီယယ်က မျက်နှာချင်းဆိုင်တွင်ရပ်၍
မေးလာလေသည်။

တည်စေရာမိုင်ရဲ့ မျက်နှာထားတည်တည်က
ကျော့မော့ခန့်ညားမူနဲ့လိုက်ဖက်စွာ ခပ်လေး
လေးခေါင်းငြိမ့်ပြလိုက်၏။

ဒန်နီယယ်အနေနဲ့ အကဲခတ်မိသလောက်က
တော့ တည်စေရာမိုင်ကအရာရာကိုရင်ဆိုင်
ဖြတ်ကျော်ဖို့အသင့်အမူအရာဖြစ်နေသည့်အနေအထား၊ ကြောက်ရွံတုန်လှုပ်မူက မျက်ဝန်းညိုတွေထဲ တစိုးတစီမှ ရှာဖွေမတွေ့
နိင်။

နာမည်နဲ့ လူနဲ့ ပနံသင့်လှအောင် တည်စေရာ
မိုင်ဆိုတဲ့နာမည်တစ်လုံးကိုထိန်းထားနိင်၏။

"ရော့"

လက်ထဲသို့ သေနတ်တစ်လက်ကို ကမ်းပေး
လာသည့် ဒန်နီယယ်ရဲ့မျက်ဝန်းတွေက တစ်
စုံတစ်ခုကိုစိတ်ပူနေပြီး စိတ်မအေးလက်မအေးဖြစ်နေ၏။

သို့ပေမဲ့....တည်စေရာမိုင် ဒီတာဝန်ကိုကျေပွန်
ပြီးစီးအောင်ဆောင်ရွက်နိင်လိမ့်မည်ဟုယုံ
ကြည်မိသည်။

"ငါ မလိုက်လို့ရတယ်မလား၊မင်းတစ်
ယောက်တည်းနဲ့ အဆင်ပြေမယ်လို့ယုံကြည်
မိလား"

"ယောကျ်ားတစ်ယောက်ဖြစ်လာမှတော့
အရာရာကိုကြောက်ရွံနေစရာလိုသေးလို့လား
နောင်ဘဝ အားကိုးစရာရှိတဲ့သူအဖြစ်မွေး
ဖွားလာပါစေလို့ ဆုတောင်းမဲ့အထဲ ငါမပါဘူး
ငါသမိုင်းငါရေးမယ်"

ဟု အမိန့်ဆန်ဆန် ပြတ်သားလွန်းတဲ့စကား
တွေကြောင့် ထပ်ပြီး ရှေ့ဆက်ပြောမည့်ဒန်နီ
ယယ်ကခေါင်းတငြိမ့်ငြိမ့်ဖြင့် မျက်နှာပိုး
သတ်လိုက်၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now