ဇာတ်လမ်း၏အစ

Start from the beginning
                                    

သူ့ဘဝ တည်ဆောက်ပုံတစ်ခုလုံးဟာ အကောင်းမြင်စိတ်နဲ့ပဲ ပြည့်နေစေတတ်တယ်။
ဘယ်နေရာမှာမဆို အသားကျလွယ်တဲ့ ကလေးလေးပေါ့။

လူအများကြီးနဲ့ ကစားမယ်။
ပွဲလမ်းသဘင်တွေကို ကြိုက်တယ်။
အချိန်ပြည့် ရုပ်ရှင်၊ ဂီတ ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ အချိန်ကုန် နေတတ်တဲ့သူပေါ့။

လူတိုင်းနဲ့ ရင်းနှီး လွယ်လေ့ရှိတယ်။
ကြိုးစားနေထိုင်တယ်။
ခေါင်းဆောင်နိုင်စွမ်းရှိပြီး အမြဲ ပျော်နေတတ်တဲ့ ကောင်ကလေးပါ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဒီလို ဆန့်ကျင်ဘက် သူတို့နှစ်ယောက်ဟာ နံရံ ပုပုနိမ့်နိမ့်လေး တစ်ချပ်သာခြားတဲ့ အိမ်ကပ်လျက်မှာ မွေးဖွားလာတယ်။

လအပိုင်းအခြားလေး အနည်းငယ်ပေါ့။

မိဘတွေကြောင့်လို့ မတွေးပါနဲ့။
မိဘတွေရဲ့ ဆက်ဆံရေးဟာလည်း အရမ်းကို ကောင်းပါတယ်။

သားနှစ်ယောက်လုံးက မျက်နှာချင်း‌ဆိုင်လိုက်တာနဲ့ တွမ်အန်ဂျယ်ရီဆိုပေမယ့်
သူတို့ဘက်ကတော့ BibleBuild နဲ့ BuildBible အသင်းခွဲပြီး သင်္ဘောကြီး မောင်းနေကြတုန်းပေါ့။

သူတို့ဟာ မွေးကတည်းက အတူရှိကြတယ်ဆိုရင် မှားမယ် မထင်ဘူး။
မူကြိုမှာလည်း အတူတူ
မူလတန်း၊ အလယ်တန်း၊ အထက်တန်းကနေ တက္ကသိုလ်အထိ အတူတူ တစ်ခါမှ မခွဲကြဘူးတဲ့။

တစ်အိပ်ရာထဲ အတူ ခဏခဏ အိပ်ကြပြီး
တစ်ပန်းကန်ထဲ ထမင်းကို အတူတူ စားကြတယ်။

တစ်ယောက်က အေးစက်ပြီး ချောင်ကပ်နေတဲ့သူ။
တစ်ယောက်က အပေါင်းအသင်းများပြီး တက်ကြွ လှုပ်ရှားသူ။

တစ်ယောက်‌နဲ့တစ်ယောက် အတူရှိလို့ ရတယ်ဆိုတာ၊ စီးဝင်လို့ ဖြစ်တယ်ဆိုတာ သူဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တွေချည်းပဲ။

"Build"
ဘာလဲဆိုတဲ့ သဘောနဲ့ ညှိလက်စ ဂစ်တာကြိုးပေါ်က လက်ကို လှုပ်ရှားရင်း သူ မေးကို မော့လိုက်တယ်။

"ငါ ပြစရာ ရှိတယ်"

သူ မထလာသေးတာနဲ့ ဂစ်တာကို သူ့လက်နဲ့ ကိုယ်တိုင်ဖယ်ပြီး သူ့လက်ကို လာဆွဲပြီး ထူတယ်။

24Hours 7 Days (BibleBuild Fanfic) ခေတ္တရပ်နားWhere stories live. Discover now