...........

" ဂိုဏ်းကြီး၅ဂိုဏ်းက ခေါင်းဆောင်တွေက တကယ်ကို ရူးသွပ်ကြတာပဲ ''

"ဟုတ်တယ်.. တကယ်မဟုတ်တဲ့ နဂါးမာန်ဟုန်ခွင်းဝရဇိန်လက်နက်ကို ပြိုင်လုပြီး ဇမ္ဗူတစ်ခွင်ပြိုင်ဘက်ကင်းဖြစ်ချင်နေကြတာ ''

" အဲ့ဒါက အစစ်ဆို ''

" ဟုတ်တော့ရောဘာလုပ်မှာလဲ...ပြီးတော့ အတုဖြစ်ဖို့များပါတယ်..စာရေးဆရာတွေက သူတို့ရဲ့ စာအုပ်တွေနာမည်ကြီးအောင်လို့ လျှောက်ရေးတာဖြစ်လိမ့်မယ် ''

" ဟုတ်ချင်ရင်ဟုတ်နိုင်တာပဲ.. အဲ့ဒီလက်နက်ပေါ်လာရင်..စွမ်းအင်၇မျိုးပိုင်ဆိုင်သူနတ်ဘုရားပေါ်လာမယ်တဲ့..ပြီးတော့ အဲ့ဒီ နတ်ဘုရားက ဂိုဏ်းတွေအားလုံးကို အုပ်ချုပ်လိမ့်မယ် တဲ့ ''

" မင်းက ယုံကြည်နေတာလား..အလကားပါကွာ ''

ဘေးဝိုင်းက စကားသံတွေကြောင့် ယောက်ျားလေးလို ဝတ်စားထားတဲ့ ဟွမ်ကျောင်းကျောင်းက သောင်ချူယွဲ့ ကို မျက်ခုံး ပင့်ပြသည်။

" အစ်ကို၂''

" အင်း ''

" အစ်ကိုကြီးကို စိတ်ပူတယ် ''

ယွဲ့ကျုံး၏ စကားကြောင့် သောင်ချူယွဲ့ ခေါင်းညိတ်ပြရုံသာတတ်နိုင်သည်။

" ကျန့်ကျန့်ဆီငါသွားတော့မယ်..သူဗိုက်ဆာနေမှာ...မင်းတို့တွေလည်းအနားယူကြတော့ ''

သောင်ချူယွဲ့၏ စကားကြောင့် အကုန်လုံးက ထိုင်နေရာမှ ထကာ အခန်းတွေဆီသွားဖို့ လှေကားဆီဦးတည်ကြသည်။

" ဝမ်..ဝမ်ရိပေါ် ''

ဟွမ်ကျောင်းကျောင်း၏ အံ့သြနေသလိုခေါ်သံကြောင့် ထမင်းနဲ့ဟင်းဗန်းလေးကိုကိုင်ထားသည့်သောင်ချူယွဲ့နှင့် တခြားအဖွဲ့ဂိုဏ်းသားတို့သည်လည်း ဝမ်ရိပေါ်ထံသို မျက်လုံးတွေအကြည့်ရောက်သွားကြသည်။

" ထူးဆန်းလိုက်တာ.. အမှုဆောင်ဝမ် ခြေတွေလက်တွေပြန်ကောင်းသွားပြီ??''

" အင်း... ''

" ဒါဆို...မဟုတ်သေးဘူး.. ကျန့်ကျန့် ''

သောင်ချူယွဲ့ကဝမ်ရိပေါ်နဲ့ပြောနေရင်းမှ တစ်ခုခုကို သတိထားမိသွားကာ ရှောင်းကျန့်၏ အခန်းဆီပြေးတက်သွားတော့သည်။

Peculiarly System [Completed ]Место, где живут истории. Откройте их для себя