ထိုမြေအောက်နန်းတော်ကို ရောက်သည်အထိ ရှောင်းကျန့်က အိပ်ချင်ယောင်ဆောင်ကာ ငြိမ်နေခဲ့တာ ဖြစ်သည်။

လမ်းတစ်လျှောက်လုံး အရိပ်တကြည့်ကြည့်ကြည့်လာခဲ့တဲ့ ဒုက္ခိတ ချစ်သူဝမ်ရိပေါ်ကြီးကို ရင်မဆိုင်ရဲလို့ဖြစ်သည်။

ဒုက္ခိတမို့သာတော်သေးရဲ့ ။
သူများကို အတင်းညှစ်တာပဲ ။ အားကြီးနဲ့ ဘယ်လိုဟာလဲ မသိဘူး ။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ချစ်သူမှန်း သိသွားခဲ့ပြီ ဖြစ်ပြီး ရင်ထဲမှာ ပျော်ရွှင်ကြည်နူးဖြစ်မိသလို ချစ်ရသူက ဒုက္ခိတ ပျားစွဲ ဖြစ်နေတော့ အနည်းငယ်ရင်ထဲမကောင်းပေ။

" ကျန့်ကျန့်..လာ ဗိုက်ဆာနေပြီလား ''

ပွေ့ခေါ်ကာ ကလေးမြူသလို ဆိုလာသည့် သောင်ချူယွဲ့၏ မျက်နှာက လမင်းကြီးကဲ့သို့ ကြည်သာလွန်းနေသည်။

" ဟုတ်ကဲ့.. အစ်ကိုသောင် ကျန့်ကျန့်လည်း ဗိုက်ဆာနေတာ ဘာစားစရာရှိလဲဟင် ''

" အား..ချစ်ဖို့ကောင်းလိုက်တာ အစ်ကို့ကျန့်ကျန့်လေးက..လာ အစ်ကို သကြားလုံးတွေ ၊ ပျားရည်မုန့်ချိုတွေရော ပိုဝယ်လာခဲ့တာ အခုလောလောဆယ် အမဲသားခြောက်ကင်နဲ့ အဲ့တာလေးတွေစားနော်.. လော့ရန်ကို ရောက်မှ ကျန့်ကျန့်စားချင်တဲ့ ထမင်းဟင်းတွေဝယ်ကျွေးမယ် ''

သောင်ချူယွဲ့မှာ သူ့အပေါ်ခင်မင်လွန်းပြီး အားကိုးတဲ့ ကျန့်ကျန့်ပေါက်စလေးကို ညီငယ်လေးတစ်ယောက်လိုအချစ်ပိုနေရသည်။

ဒီအဖွဲ့ထဲမှာ ကျန့်ကျန့်ကို မလိုလားတဲ့သူတွေကအများသားပင်။ သူသိပ်ချစ်ရတဲ့ ကျောင်းကျောင်းကတောင် ကျန့်ကျန့်လေးကို ကြည်ဖြူတာမဟုတ်ပေ။

" ဟုတ် အစ်ကိုသောင်က အရမ်းတော်တာ''

ဝမ်ရိပေါ် နဲ့ကျောင်းကျောင်းက ဂျယ်လီတွေနင်ပြီး ရင်ထုကာ ရေသောက်နေကြရသည်။

" ပါးစပ်ပြဲ နင်တို့ငါးယောက်လည်း အနားယူကြလေ ''

ကျောင်းကျောင်းက အဖွဲ့သားတို့အား ပြောပြီး သူမကိုယ်တိုင်လည်း လှေကားထစ်လိုနေရာမှာ လဲလျောင်းလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now