အပိုင်း(၅၁)

Start from the beginning
                                    

"အဲ့ဒါ ခင်များပါးစပ်က သားလို့ ခေါ်လို့ ၊ မှတ်ထား ခင်များပါးစပ်က သားလို့ ခေါ်ခွင့်မရှိဘူး ၊မတန်မရာ မပြော မိစေနဲ့ ကျုပ် အရင်က လို ခင်များလုပ်ချင်ရာကို ခေါင်းငုံ့ခံမယ့်သူ မဟုတ်တော့ဘူး ၊ မှတ်ထား ! ခင်များကြောင့်ဆိုရင် ကျုပ်သားက လူလောက အလယ်ရောက်လာစရာ အကြောင်းမရှိဘူး ၊ ခင်များက သားငယ် ဖခင်နေရာမပြောနဲ့  ဖခင် အမည်လေးအဖြစ်နဲ့တင် ရှိမနေသင့်တဲ့သူဆိုတာ ခင်များသိထားသင့်တယ် ..တောက်....လူပါးဝ လိုက်တာ.."

" တောင်းပန်ပါတယ် ကလေးရာ ၊ ကိုယ် နောင်တ ရနေပါပြီ ....ကိုယ် အနူးအညွှတ်တောင်းပန်ပါတယ် ကွာ..."

လူပါးဝလိုက်တာ ...မတန်ရာမှန်းပြောရက်တယ် * မိသားစုဘဝလေး ပေးပါတဲ့ , အဟက် ဒင်းကြောင့်သာဆိုရင် သားငယ်က လူဘဝရောက်လာမှမဟုတ်ဘူး ၊ အရာရာကိုပေါ့ပေါ့တန်တမ်တွေးပြီး လိင်ကျွန်အဆင့်သာသာ နေခဲ့မိတဲ့ တစ်ချိန်က ကိုယ်ကိုကိုယ်လည်း မုန်းတီးရွံ့ရာမိတယ်။ * အချစ်ဆိုတဲ့ စကားစုနဲ့ ကျွန်တော်က allergic ရှိပုံပေါ်တယ်  ကိုယ်အပေါ်  နှင်းချေမယ့်သူကြ ကိုယ်ဘက်က မေတ္တာအစစ်အမှန်ပေးသလောက် ကိုယ်ဘဝသာ ပျက်စီးခဲ့ရသည်။ ၁၅၀၀ အချစ်က ပူလောင်တာ မဟုတ်ဘူး မီးပုံလိုပဲ ဘဝပါ လောင်တာ အတိတ်ကုသိုလ်ကံကောင်းခြင်းကြောင့်သာ မမတို့လို လူကြီးသူမ တွေနဲ့ဆုံရတာ အကယ်၍ ကံမကောင်းခဲ့ရင် ခုချိန် ဘယ်နေရာမှာများ ခွေးဖြစ်နေမလဲ၊ ဘယ်နေရာမှာများ သားငယ်ကို ချို့တဲ့စွာ ကြီးပြင်းစေရမလဲ ၊ ကိုယ်တိုင်ကရော အရိပ်မဲ့ ပူလောင်တဲ့ လောက ကြီး ထဲ ဘယ်လိုမျိုးရုန်းကန်နေရမယ် တွေးမိတိုင်း အံ့ကိုတင်းတင်းကြိတ်ပြီး သည်လူအပေါ် နာကျည်းမူက ထပ်ဆင့်တိုးလျှက်။ လုံးဝ ခွင့်မလွတ်ဘူး ၊ သားငယ် မျက်နှာ ကြည့်ပြီး ရှေ့ဆက်မယ့်နေရက်တွေထဲမှာ သည်လူ မပါစေရဘူး ။

" တောက်...ဆက်လိုက်မလာနဲ့ ၊ သားငယ်ရှေ့ drama ခင်းပြဖို့မကြိုးစားနဲ့ ခင်များအကြောင်း တွေ အကုန် ဖွင့်ချပစ်မယ်"

" ကလေးရာ...."

————————————————————————————————————————

" အစ်ကို ...ဒီညနေ ငကောင်းရောက်မယ်တဲ့ အစ်ကို ...မောင် တို့ သွားတွေ့ကြမယ်နော်၊ အစ်ကို ငကောင်းက မောင်ကို မုန်းနေမလား အစ်ကို၊ ခွင့်....ခွင့်လွတ်နိုင်ပါ့မလား..ဟင် ကျွန်..ကျွန်တော်စိုးရိမ်မိတယ် အစ်ကို"

ချစ်ခြင်းတို့အလွန် Where stories live. Discover now