အပိုင်း(၅၁)

Start from the beginning
                                    

" ဘယ်တွေတောင် အရှက်မဲ့နေလဲ ခင်များ အသိရှိသေးလား .ဟမ်၊ ဖယ်စမ်းပါ "

" မရှိဘူး ကလေးငယ်၊ ကလေးငယ်တို့သားအဖကလွဲ က်ုကို ဘာအရာမှ ဂရုမစိုက်ဘူး ထင်ချင်သလိုထင်ကြပါစေ ကိုယ်  ဂရုမစိုက်ဘူး ကလေးငယ်၊ ကိုကို့အမှားတွေအတွက် ကိုယ်ကို ပြန်လည်ပြင်ဆင်ခွင့်လေး ပေးပါ ၊ ကလေးငယ်အပေါ် လုပ်ခဲ့မိတဲ့ လူမဆန်တဲ့လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်၊ ကိုယ်ကို မိသားစု ဘဝ လေးပေးပါ ကလေးရာ၊  သားငယ်နှင့် ကလေးငယ် ကိုယ် ကာကွယ်စောင့်ရှောက်ပါ့မယ်၊ ကိုယ့်အမှားတွေ ပြုပြင်ခွင့်ပေးပါ ၊ ကလေးငယ်တို့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့်ပေးပါ ကလေးရယ်၊ တောင်းပန်ပါတယ် ကိုကို တောင်းပန်ပါတယ် ကလေးရာ"

" အ. ခင်များလွတ် ...ကျုပ်က ခင်များကိုမမြင်လိုဘူး ပြောထားတယ်မဟုတ်လား ၊ ခင်များ နားမလည်ဘူးလား ...ဖယ်စမ်း "

"မဖယ်နိုင်ဘူး ကလေးငယ်၊ ကိုကို တောင်းပန်မူကို လက်ခံပေးပါ၊ ကိုယ်ကို ပြန်လည်ပြင်ဆင်ခွင့်လေး ပေးပါ ...."

တယောက်က ဆွဲ နောက်တစ်ယောက်က ချုပ်ကိုင်ထားသော လက်တစ်စုံကို လွတ်လပ်ဖို့ တွန်းကန်ဖယ်ရှားရင်း ခံပြင်းမူတို့ ဖြင့် တစ်ချက် စောင့်တက်လာသော ဒေါသအဟုန်ကို အမြင့်ဆုံးထိပို့ပြီး ရှိသမျှ အားကိုစုရင်း တွန်းလွတ်နေမိသည်။

" လူလိုပြော လူလိုနားမလည်တဲ့လူ "

" မရုန်းပါနဲ့ကွာ...ကိုယ် တောင်းပန်ပါတယ် ကလေးရာ"

သူ ချုပ်သမျှကို မနည်းသောရုန်းကန်မူကြောင့် လွတ်ထွက်လာသော ညာလက်ကို လွဲမြောက်ပြီး ရိုက်ချမိသည်၊ နာကျင်ပါစေ ရည်ရွယ်ပြီး မည်သူ့ကိုမှ အသားနာအောင်မရွယ်ဖူးတဲ့ ကျွန်တော်က ခုတော့ ။

" ကဲဟယ်...ဖြန်း ! ...လွတ်စမ်း ခင်များက အသားနာချင်နေတာ "

"ရိုက်ပါ ...ကလေး ကျေနပ်သည်အထိ ရိုက်ပါ ကိုယ် တောင်းပန်နေတာကို လက်ခံပေးပါ ၊ ကိုယ့်ကို ပြင်ဆင်ခွင့်ပေးပါ...သားသားကို ထွေးပွေ့ခွင့်ပေးပါ...ကလေးရာ"

"တောက်....လူပါးဝလို့....သားသားကို ထွေးပွေ့ခွင့် ပေးရမယ်တဲ့ ......ဖြန်း !

ချစ်ခြင်းတို့အလွန် Where stories live. Discover now