အပိုင်း(၅၁)

Start from the beginning
                                    

" ဘာ...ဘာတွေ လာပြောနေလဲ ၊ ခင်များ ကို မမြင်ချင်ဘူး ၊ လူယုတ်မာ လွတ်စမ်း ကျုပ်ကို ..ဖယ်"

" ဟုတ်ပါတယ် ကိုယ် ယုတ်မာခဲ့မိပါတယ် ၊ ခု ကိုကိုတောင်းပန်တာကို လက်ခံပေးပါကလေးရာ နော် ကိုယ်တို့ အစကနေ ပြန်စကြမယ်လေ ကိုကို အရာအားလုံးပြုပြင်နေပါတယ် ကလေးကို စိတ်မညစ်ရအောင် ထားမှာပါ ကွာ ...ကိုကိုတို့ ပြန်စကြအောင် "

" ဟား......ဘာ...ဘာတဲ့ ၊ ခင်များ ဘာပြောလိုက်တယ် ပြန်စ ကြရအောင် ဟုတ်လား .ဟား..."

" ကလေးငယ်...ကိုယ် ...ကိုယ်ပြောတာက "

ကျွန်တော်ပြောစကားတွေကို ပစ်ပါယ်ခြင်း စာအုပ်ထဲ သော့ခတ်သိမ်းထားပြီထင်ပါရဲ့ ၊ ဘာပြောပြော ကလေးငယ်က လက်မခံနိုင်သလို ကျွန်တော်တည်ရှိမူကိုပါ မေ့ပျောက်ထားခဲ့တယ်။ ကလေးငယ် ရက်စက်ခဲ့တာ မမှားသော လုပ်ရပ်မို့ ကိုယ်ဘက်က အစကထက်ပို၍ တိုးပြီး ကြိုးစား တောင်းပန်ရမှာပဲ။ ဘယ်သူမှမလုပ်တဲ့ ကိုယ့်လုပ်ရပ်မို့ ကိုယ်ဆီ ပြန်လှည့်လာတဲ့ ဆင်းရဲဒုခ ဒဏ်က တန်ပြန်လာတဲ့အခါ ထုထည်ကြီးမားလှသည်။ ကိုယ်အမှားတွေပါကွာ ...သူရဲ့လှောင်ရယ်သံတွေကြား ကျွန်တော့်ကမ္ဘာပျက်နေပြီ၊ ကလေးငယ်ရဲ့ ခြောက်ကပ်ကပ် တန်ပြန်စကားတွေကြား ကျွန်တော် နေစရာမရှိခဲ့ပြီ။ ကျွန်တော် တချိန်က သိပ်မိုက်မဲခဲ့မိသည်။ ခွင့်မလွတ်သူက အပြစ်မဟုတ်ဘဲ လုပ်ရပ်သည်က လူမဆန်ခဲ့သောကြောင့် ၊ မည်သို့ပင် တန်ပြန်နေပါစေ ကျွန်တော်မိသားစု ပြန်လည်ပေါင်းစပ်နိုင်ရန်က မူလပထမ ရည်ရွယ်ချက်မို့ ပိုကြိုးစားမည်၊ သူတို့လေးတွေတည်ရှိမူကို ခွန်အားအဖြစ်ပြောင်းပြီး ရနိုင်မည့်အခွင့်အရေး အားလုံးကိုအသုံးချ၍ ကျွန်တော် ဒူးထောက်တောင်းပန်မည်။

" ကိုယ်ကို မပစ်ပါယ်ပါနဲ့တော့ကွာ ကိုယ်နောင်တရနေပါပြီ၊ ကိုယ်အမှားတွေအတွက် ကိုယ် အသုံးချမိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ကလေးရာ၊ ကိုယ်ကို ခွင့်လွတ်ပေးပါ ကိုယ်တို့မိသားစုလေး ရှိနေပြီလေ ကိုယ်တို့ရဲ့ သားလေးအပေါ်မှာ ကိုယ် ဖခင်ကောင်းပီသ ပါစေမယ် ကလေးရယ် "

ရုတ်တရက် ကိုယ်ရှေ့မှာ ဒူးထောက်လာသော ဟိုလူကို ကြည့်ပြီးအံ့ဩမိတယ် ၊ ဘေးလူတွေ ကြည့်နေမှာ နောက်ပြီး ကိုယ်မရင်းနှီးတဲ့နေရာစိမ်း ဒီလို နေရာမျိုးမှာတောင် အရူးကွက်တွေနှင်းနိုင်သူ ၊ သိပ်ကိုခမ်းနားကြီးကျယ်လှပါတယ် နာမည်ရဖူးသူက ခုတော့ ..ဘာမဟုတ်တဲ့ နေရာလေးမှာ သူ့အတွက်ဆိုပြီး ။ တစ်ချိန်ကသာ ၁%လောက် ကျွန်တော်အပေါ်  ဖြူစင်ခဲ့ပါရင်၊ အလိမ်အညာမပါ  စစ်မှန်သော ခံစားချက်တွေသာ ဖော်ပြခဲ့ရင် ....ခုတော့ အားလုံးနောက်ကျကုန်ပြီ၊ ဘယ်လို မှ ဖြည့်တွေးပေးလို့ မှ မရတဲ့သူ ၊ နောင်တ တရားနှင့်ပဲ ထိုက်တန်သူ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now