အပိုင်း(၅၀)

Start from the beginning
                                    

"သာဓုပါ မောင်မင်းမြတ် ပြီးခဲ့တာတွေကို အပြစ်တင်နေမိလို့ ဦးလေး သားကို တခါဆုံးရူံးပြီးပြီ၊ ဦးလေးကိုယ်တိုင် အများပြောတဲ့ ဆင်းရဲဒုခကို ခံစားပြီးပြီ၊ နောက်ဘယ်သို့သော ဆင်းရဲဒုခကို မလိုချင်တော့ဘူး၊ မောင်ရဲရင့်ကို စိတ်ပေါက်ပေမယ့် မြေးလေးမျက်နှာကို မြင်ခွင့်ပေးလို့ ကျေးဇူးတင်မိတယ်၊ မောင်ရဲရင့်လုပ်ရက်တွေကို ခွင့်မလွတ်နိုင်ပေမယ့် သားနှင့်မြေးငယ်ကို မောင်ရဲရင့်က သေချာစောင့်ရှောက်ပေးနိုင်မယ် ယုံကြည်မိပြန်တယ်၊ ဒီလိုပါပဲ ဘဝအအမျိုးမျိုး ၊ ဒုခအမျိုးမျိုးကို ရေရွတ်နေလို့ အမုန်းတွေပဲ ကြီးစိုးလိမ့်မယ် မောင်မင်းမြတ်၊ ဦးလေးတို့ကအသက်ကြီးပြီ သားတို့နဲ့ အေးချမ်းတဲ့ဘဝလေးမှာ နေချင်တယ် ၊ မြေးလေးတို့ အဆင်ပြေပြေရှိနေတယ် သိရတာ တင် ဝမ်းသာလှပါပြီ"

" ဟုတ်...ရဲရင့်အတွက်လည်း ကျွန်တော်က တောင်းပန်ပါတယ်၊ ကျွန်တော်တို့ မိသားစု ဝင်တိုင်းကို စိတ်ချမ်းသာအောင် ထားပါ့မယ် ၊ တူလေးကိုလည်း လိုအပ်သည်မရှိ ဖြည့်ဆည်းပေးမှာပါ ကျွန်တော့်တူလေး ကိုလူအများ အားကျရသည့် အနေအထားထိရောက်အောင် ထားမှာပါ လို့ ထပ်ဆင့်ကတိပေးပါတယ် ဗျ"

" အေးပါကွာ၊ ဒါနဲ့ မြေးငယ်တို့က ဘယ်ချိန်ဆိုက်ရာက်ကြမလဲ "

အောက်ထပ်က အစ်ကိုမင်းမြတ် နှင့်ဦးလေးတို့စကားပြောသံတွေကြောင့် ခဏ ဆင်းလာမိသည်။ အမှားတွေကြောင့်နာကျင်ခဲ့ရပါသော သူတွေအပေါ် သနားစိတ်ပိုဖြစ်စေတာမောင်လေး ၊ ဘယ်လောက်တောင် ခံစားလိုက်ရမလဲ တွေးလို့ မဝင့်ရဲတဲ့ သဘောမို့ မောင်လေးကို ပိုသနားတယ်။ ဒီနေ့ မောင်လေးတို့ ရန်ကုန်ဆင်းလာနေပြီဆိုတာ သိရကတည်းက စောင့်နေမိခြင်း၊ တူလေး နှစ်သက်သော ဟင်းလျာများကို ပြင်ဆင်ထားပြီး ၊ အသီးအနှံများစွာဖြင့် စောင့်မျှော်နေမိသည်။ စကားတက်သော ကောင်းစစ်ဟန်သာကို သိပ်လွမ်းတာ။

" ညနေ ပိုင်း စောစောရောက်မယ် ဦးလေး ၊ သမီးလည်း မျှော်နေပြီ မောင်လေးတို့ကိုသိပ်လွမ်းလှပြီ၊ အစ်ကို ရောက်တာကြာပြီလား"

" မကြာသေးဘူး ဧကရီ၊ ဦးလေးနဲ့စကားပြောနေမိလို့ အန်ကယ်နှင့်ဧကရီကို လာနူတ်မဆက်နိုင်တာ "

ချစ်ခြင်းတို့အလွန် Where stories live. Discover now