19. အိမ်​ပြောင်း ​နေထိုင်ခြင်း

Start from the beginning
                                    

သူက Dအဆင့်ပဲရှိတဲ့ ဆက်နွယ်သားရဲပိုင်ရှင် ဖြစ်ပြီး, တစ်ခါတစ်ရံ ခရစ်ယာန် ဘုန်း​တော်ကြီး တာဝန်ထမ်း​ဆောင်သည်။ သူက မတိုက်ခိုက်နိုင်​ပေမယ့် ဘယ်လို အမ ​ရှေ့မှာဖြစ်ဖြစ် သူက အရမ်းသန်မာ​နေ​ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အထီး​တွေ​​ရှေ့မှာဆို တကယ် ခွန်အားမဲ့သွားသည်,။ ကျောင်းပြီးခါနီးအချိန်ဆို​တော့ ငှားရမ်းတဲ့အကြံကို တမင်သုံးပြီး​တော့ ရိုးရိုး အမ တစ်​ယောက်ကို အမိဖမ်းဖို့ ကြံခဲ့သည်။ သူ့ကို အပိုင်ချုပ်ပြီး​တော့ သူ့အတွက် များများ​ရ​အောင် လုပ်ခဲ့သည်။

ဒီ အမကို စွမ်းအားကြီးတဲ့ အထီးက ကာကွယ်​ပေးထားတဲ့အတွက် အဲ့ဒီအကြံကို သူထပ်ပြီးသုံးလို့မရ​တော့ဘူး၊

မိုင်နဲက ရှဲ့စန်းလက်ထဲမှာ ဘာမှမ​တွေ့မိ​တော့

" မင်းရဲ့ ခရီး​ဆောင်အိတ် ဘယ်မှာလဲ "

ရှဲ့စန်းက ကို့ရို့ကားယားနဲ့ ​ပြောလိုက်သည် ။

" ငါ ​ပြေး​နေတုန်း လမ်းတစ်ဝက်မှာ လွှတ်ပစ်ခဲ့လိုက်တာ "

အဲ့ဒါက အရမ်း ရှက်ဖို့​ကောင်းတာပဲ၊ အနိုင်ကျင့် ခံရပြီး ညီအစ်ကိုက လာကယ်​ပေးရတယ်လို့, ၊ သူ့ မျက်နှာ ဘယ်နားသွားထားရမလဲ ၊

မိုင်နဲက ​လှောင်​ပြောင်ခြင်း မရှိပဲ " ဘယ် အထပ်မှာလဲ "

ရှဲ့စန်း ခဏ​လောက် ​တွေးလိုက်ပြီး , " ၅လွှာ ဒါမှမဟုတ်ရင် ၆လွှာ "

မိုင်နဲ အိမ်ပိုင်ရှင်ကို ကြည့်လိုက်သည်၊ သူက ရှဲ့စန်း ဒီမှာ မ​နေဖြစ်​တော့ဘူးဆိုတာ မ​သေချာ​​ပေ၊ ဒါ​ပေမယ့် သူ့နှဖူးမှာ ​ချွေးပြန်နေပြီး မျက်နှာက နီရဲ​နေတာမြင်​တော့ သူ့ကို ​ပြောလိုက်သည် ။

" ငါ ​နောက်က လိုက်ခဲ့ "

သူ ရှဲ့စန်းကို ​ခေါ်ပြီး ၆လွှာကို ဓါတ်​လှေကား စီးသွား​ပေမယ့် ခရီး​ဆောင်အိတ်ကို မ​တွေ့ခဲ့​​ချေ။ ၅လွှာကို ပြန်သွားကြည့်​တော့ ​နောက်ဆုံးမှာ​တွေ့လိုက်ရသည်။

ရှဲ့စန်း အိတ်ကို ဆွဲပြီး မိုင်နဲ​နောက်က​နေ လိုက်ကာ အ​ဆောက်အဦးက​နေ ထွက်လာလိုက်သည်။သူက

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now