18. အရှုံး​ပေးခြင်း

Start from the beginning
                                    

ရှဲ့စန်း စိတ်​ကျေနပ်သွားပြီး မှန်ကန်တဲ့ လှုပ်ရှားမှု လုပ်ခဲ့သလို ခံစားလိုက်ရသည်။ သူ မတ်တပ်ရပ်လိုက်ပြီး

" ​ကျေးဇူးတင်ပါတယ်, ဘာကိစ္စမှ မရှိ​တော့ရင် ကျွန်​တော် အခု ပြန်တော့မယ် "

ကုလျှိုက " ခဏ​စောင့်ပါဦး ", သူက လက်​ပတ်ဖွင့်လိုက်ပြီး ရှဲ့စန်းဆီကို အချက်အလက်​တွေ ပို့​ပေးလိုက်သည်,။

" ဒါက အပင်စနစ် ဆက်နွယ်သားရဲပိုင်ရှင်​တွေအ​ကြောင်း အချက်အလက်​တွေ၊ အချက်အလက်​တွေကို ပိုသိ​အောင် ဖတ်ထားသင့်တယ်၊ မင်းရဲ့ အခုကျန်းမာ​ရေး အ​ခြေအ​နေအရ ​​ထောက်ပံ့​ပေးထားတဲ့ ​ဆေးညွှန်းအတိုင်း လိုက်လုပ်​​ပေးသင့်တယ်၊ အဲ့လို လိုက်လုပ်​ပေးမယ်ဆိုရင် မင်းခန္ဓာကိုယ်က ပို​​ကောင်းလာလိမ့်မယ် "

ရှဲ့စန်း အချက်အလက်ကို သိမ်းလိုက်ကာ ထပ်ပြီး​ ​ကျေးဇူးတင်ခဲ့သည် ။

" ​ကျေးဇူးတင်ပါတယ် "

ကုလျှိုက " ကိစ္စမရှိပါဘူး, မင်းရဲ့ အကူအညီလို​နေတာ တစ်ခုရှိတယ်၊ ငါတို့စီမှာ အပင်ဆက်နွယ်သားရဲနဲ့ ပတ်သက်တဲ့ အချက်အလက်​တွေက အရမ်းနည်းလွန်းတယ်၊ အချက်အလက်စု​​ဆောင်းလို့ရ​အောင် အမြဲတမ်း  ၁၅ရက်တစ်ခါ လာစစ်​ဆေး​ပေးလို့ရမလား " ၊

သူကထပ်ပြီး ," အဲ့ဒါက အရမ်းမကြာပါဘူး "

ရှဲ့စန်း စဥ်းစားလိုက်ပြီး ​ခေါင်းညိတ်လိုက်သည် ။

" ဟုတ်ကဲ့ , ဒါ​ပေမယ့် ကျွန်​တော့်အချက်အလက်​တွေကို ​သေချာ လျှို့ဝှက်ထား​ပေးပါ "

" ​သေချာတာ​ပေါ့ ၊ ငါတို့လည်း မင်းရဲ့ အချက်အလက်ကို အလုံခြုံဆုံးဖြစ်​အောင် လုပ်ဖို့စဥ်းစားထားပါတယ်၊ အပင်စနစ် ဆက်နွယ်သားရဲပိုင်ရှင်​တွေ ​ပေါ်မလာတာ ကြာပြီဆိုတာ မင်းသိလား၊ တကယ်လို့ ​ပေါက်ကြားသွားရင် ရိုက်ခက်မှု အကြီးစား​တွေ ဖြစ်ကုန်လိမ့်မယ် "

ရှဲ့စန်း သူလိုချင်တဲ့ အ​ဖြေရလိုက်​တော့ ပြုံးပြလိုက်ပြီး
" အဲ့ဒါဆို ကျွန်​တော် အခုသွား​တော့မယ်, ၁၅ရက်ကြာရင် ပြန်လာခဲ့ပါ့မယ် "

ရှဲ့စန်း အဖွဲ့အစည်းက ထွက်လာပြီး ကားရဲ့ ယာဥ်​မောင်းထိုင်ခုံမှာ ထိုင်လိုက်သည်။ သူ ငရုတ်ပင်နဲ့ ပတ်သက်ပြီး စိတ်ပူစရာမလို​တော့​ပေမယ့် ​နေစရာ ​နေရာနဲ့ပတ်သက်ပြီး စိတ်ပူ​နေရသည် ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now