17. အပင် ဌာန

Start from the beginning
                                    

မုလင်း မျက်လုံး​မှေးကြည့်လိုက်ပြီး " ဘာလို့မဖြစ်ရမှာလဲ၊ ဘယ်အချိန်မဆို ဘာ​ကြောင့်ဖြစ်ဖြစ် ၊မင်း အလုပ်ထွက်မှာကို ကိုယ်ခွင့်မပြုဘူး "

ကုလျှို လည်ပင်းနားက သူ့လက်​တွေကို ဆွဲဖယ်လိုက်ပြီး

" အလုပ်ကိစ္စကို ​ပြောကြရ​အောင်၊ ငါ ဌာနမှူးမာကို ဆက်သွယ်ပြီး သူ့ရဲ့comment ကို ဖျက်ခိုင်းလိုက်ပြီ၊ အခုက အင်တာနက် အသုံးပြုသူ​တွေရဲ့ ထင်မြင်ချက်​ပေးတာ​တွေ ထိန်းချုပ်ဖို့ နည်းလမ်းရှာရမယ် "

မုလင်း သူ့ပုခုံးကို တွန့်လိုက်ပြီး  " အဲ့ဒါက ရိုးရိုး​လေးပါ ၊ သူတို့ကို ​မှန်ကန်​သေချာတဲ့ ထင်မြင်ချက်​ပေးလိုက်ရုံပဲ "

" ရိုးရှင်းတယ်​ပေါ့ ဟုတ်လား?  မင်းလုပ်လိုက်တာကို ကြည့်ဦး​လေ "

မုလင်းက " ကိုယ့်ရဲ့ comment အတိုင်း ထားလိုက်​ရုံပဲ​လေ၊ ​နောက်တစ်မျိုး​ ပြောရမယ်ဆိုရင် မမှန်ကန်တဲ့အ​ကြောင်းအရာ​တွေက ထူးဆန်းတဲ့ခန့်မှန်းမှု​တွေကို ဖြစ်​စေလိမ့်မယ်​ ၊ အံ့သြစရာဖြစ်ရပ်ဆို​ပေမယ့် အပင်မဟုတ်ဘူး ၊ ကိုယ့်ရဲ့ ထူးဆန်းတဲ့ ခန့်မှန်းမှုအရဆိုရင် ..... အဲ့ဒါက ဆက်နွယ်သားရဲ ပဲ "

ကုလျှို မျက်လုံးလိမ့်လိုက်ပြီး " အဲ့ဒါက မှန်ကန်​သေချာတယ်လို့ ထင်လား "

မုလင်း စားပွဲခုံကို ထိလိုက်ပြီး

" အဲ့ဒါက မှန်ကန်​သေချာမှုမရှိ​ပေမယ့် ကိုယ်​ပြောလိုက်မယ်ဆိုရင် တစ်မျိုး​ပြောင်းသွားလိမ့်မယ် ၊ကိုယ်က ဆက်နွယ်သားရဲ​တွေအ​ပေါ်မှာ သြဇာသက်​ရောက်မှုရှိပြီး​တော့ နှစ်​တွေအကြာကြီး ဆက်နွယ်သားရဲ​တွေကို သု​သေသနပြုလာခဲ့တာ​လေ ၊ဆက်နွယ်သားရဲ မျိုးစုံကို ကိုယ်​ တွေ့ဖူးပြီးသွားပြီ ၊ အပင်ဆက်နွယ်သားရဲက​ ပုံမှန်မဟုတ်​​တော့ မ​ပြောတတ်ဘူး "

ကုလျှို မျက်​မှောင်ကြုတ်လိုက်ပြီး " မင်းရဲ့ခန့်မှန်းချက် မှား​နေတယ်ဆိုတာ အင်တာနက် အသုံးပြုသူ​တွေသိသွားရင် မင်းရဲ့ ဂုဏ်သတင်း ထိခိုက်သွားလိမ့်မယ်​နော် "

" ဘာမှား​နေလို့လဲ၊ ဖုံးကွယ်ထားတဲ့ အ​ကြောင်းပြချက်ကို ​ပြောလိုက်ရုံပဲ​ပေါ့ " မုလင်း ပြုံးကာ သူ့ကို ကြည့်လာပြီး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now