" မနာကျင်ကြဘူး သူတို့က အရမ်း ကြမ်းတမ်းကြတယ် " ခဲယ်လ်တစ်က မျိုးနွယ်စုထဲရှိ သက်ကြီးရွယ်အိုတွေကို အစားအစာတွေ ပို့ဆောင်ဖို့ မကြာခဏ သွားလေ့ရှိပြီး ခြေထောက်မကောင်းတဲ့သူတစ်ယောက်မှ သူ မကြားဖူးပါဘူး။

ဂူက အတော်လေး စိုစွတ်တယ်လို့ သူ ကြားလိုက်တဲ့အချိန်က ပိုင်မုက ထူးဆန်းတယ်လို့ ခံစားခဲ့ရတယ်။ပြီးတော့ ယေဘူယျကျကျ ပြောရရင် ဒူလာဖြစ်ဖို့ လွယ်ကူပေမယ့် ဒီနေရာက သက်ကြီးရွယ်အိုတွေက ဒီလက္ခဏာ မရှိကြပါဘူး။  ဒီနေရာက လူတွေက တိရိစ္ဆာန်သားရေတွေနဲ့ ဖုံးကာထားကြတာ။ ကျားနဲ့ကျားသစ်တွေရဲ့ သားရေတွေနဲ့လုပ်ထားတဲ့အိပ်ရာတွေက ဒူလာရောဂါကို ကာကွယ်နိုင်တယ်လို့ လူတွေပြောတာကို သူကြားဖူးတယ်။ ဒီခြားနားတဲ့ကမ္ဘာထဲမှာ ကျားနဲ့ကျားသစ်တွေက orcs ဖြစ်လာ‌ပေမယ့်လည်း၊ တိရစ္ဆာန်သား‌ရေကတော့ အများကြီးရှိကြတယ်။ဒါက ကျားသားရေနဲ့ ကျားသစ်သားရေလိုမျိုး တူညီတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်။  ဒါမှမဟုတ် ဒီနေရာက လူတွေက ဝက်ဝံတွေ ဘယ်တော့မှ အရိုးပွရောဂါ မဖြစ်သလိုမျိုး ဒူလာရောဂါ မရနိုင်လောက်တဲ့ မွေးရာပါအရည်အချင်းရှိကြတာ ဖြစ်နိုင်တယ်။

နှစ်ယောက်သားက တစ်ခုပြီးတစ်ခုကို စကားစမြည်ပြောခဲ့ကြတယ်။  လယ်ကွင်းထဲမှာ အလုပ်ပြီးသွားတဲ့နောက် သူတို့နှစ်ယောက်က အလှည့်ကျ ရေပူစမ်းကို သွားကြတယ်။ ခဲယ်လ်တစ်က သူ ပထမဆုံး‌ရေစိမ်ပြီးကတည်းက ရေပူစမ်းတွေ ကို နှစ်သက်ခဲ့ပြီး စိမ်ပြီးတဲ့နောက်မှာ သက်တောင့်သက်သာရှိတယ်လို့ သူခံစားရတယ်။ ထို့နောက် ပိုင်မုက ဒီနေရာက ရေပူစမ်းကို နေ့တိုင်းပြေးသွားမယ်လို့ သူထင်ခဲ့ပြီး၊ ခဲယ်လ်တစ်က တသိမ့်သိမ့်စိတ်လှုပ်ရှားနေခဲ့တယ်။ပိုင်မုနဲ့ ပါတနာဖြစ်နိုင်မယ်ဆိုရင် သူ(ခဲယ်လ်တစ်)က သူနဲ့အတူ ရေပူစမ်းလည်း စိမ်နိုင်ပါတယ်။

ပိုင်မုရဲ့ နူးညံ့ပြီး ဖြူဖွေးတဲ့ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲမှာ ဝတ်လစ်စားလစ် ထိုင်နေပြီး သူတို့နှစ်ဦး‌က ရေပူစမ်းထဲမှာ ရေအတူတူစိမ်နေတဲ့ မြင်ကွင်းကို ခဲယ်လ်တစ်က အမှတ်တမဲ့နဲ့ စိတ်ကူးယဉ်မိခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now