ဒီအစီအစဉ်မှာ အများသော အားဖြင့် ပါဝင်ကြသူတွေကတော့ ချစ်သူရည်းစားတွေ၊ ငယ်သူငယ်ချင်းတွေနဲ့ ရင်းနှီးကြတဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။

Dark side ဆိုတာ ရှိတဲ့အတိုင်းပါပဲ
အခက်အခဲ ကြုံလာတဲ့အခါ စွန့်ခွာပြေးမလား
အတူ ရင်ဆိုင်မလား

24/7 ကနေ စောင့်ကြည့်နိုင်ပါတယ်။

"24/7
We are one"

တစ်ယောက်လက်ကို တစ်ယောက် ဖျစ်ညှစ်ထားသည်မှာ ညင်သာမှုမရှိ။
တမင် နာကျင်စေရန် ရည်ရွယ်မှန်း သိသာလွန်းလှသော်လည်း သူတို့၏ မျက်နှာမှာ အပြုံးတွေနှင့်။

Character မိတ်ဆက်
******************

Soft & Cutest boy

Build

အပြုံးချိုချိုလေးများနှင့် ချစ်စဖွယ် ဤ နူးညံ့လှသောကောင်လေး၏ နာမည်က ဗြူ တဲ့။

ကျောင်း၏ ဂီတနှင့် အနုပညာမေဂျာ ခေါင်းဆောင်။

နူးညံ့မှုအားလုံး စုပုံထားသကဲ့သို့
ချိုသာသော အသံရှိသူ။
ခြေလှမ်းတိုင်း၌ လှပသူ။

ခေါင်းဆောင်လိုစိတ်ရှိပြီး အများနှင့် လိုက်လျောညီထွေရှိသူ။

တစ်ယောက်သော သူအတွက်တော့ မပါဝင်ပါဘူး။

Strong & Intelligence

Bible

တစ်ကျောင်းလုံး၏ ပထမနေရာ၌ အမြဲရှိသူ။
ဘတ်စကတ်ဘော အသင်း၏ ခေါင်းဆောင်။

သီးသန့်နေလေ့ရှိသည်က ဆွဲဆောင်မှု တစ်ခုဖြစ်။

တည်ကြည်ပြတ်သားပြီး အရာရာ ဦးဆောင်နိုင်စွမ်းရှိသူ။

အမြဲတည်ကြည်နေတတ်တာကလည်း တစ်ယောက်သော သူအတွက်တော့ မပါဝင်ဘူးပေါ့။

နှစ်ယောက်လုံး၏ ထူးခြားသည့် ဆွဲဆောင်မှုမှာ
ကျောင်း၏ နာမည်ကြီးများ ဖြစ်ကြခြင်း ဖြစ်သည်။

မတူညီသည့် အရာနှစ်ခု ဆိုပေမယ့်
လူတိုင်း၏ ပါးစပ်ဖျားတွင်တော့ BibleBuild သို့မဟုတ် BuildBible ဟု တွဲလျက် မြင်ကြလေသည်။

အဘယ်ကြောင့်ဆိုသော်

မျက်နှာချင်းဆိုင်မိသည်နှင့်
သူတို့၏ ထိန်းသိမ်းထားသော ဂုဏ်သိက္ခာများအားလုံး စွန့်ပစ်၍

Tom & Jerry
ထ သတ် ကြသောကြောင့်ပင်။

ဒါလေးက အမြည်းပါ။
ကိုယ့်ပုံစံလေးအတိုင်းပဲ ရေးပါ့မယ်နော်။
တကယ်တော့ short story ပါ။
တကယ့်ကို very short လေး။
လေးငါးရက်တစ်ခါ update လည်း စုရေးပြီး မလုပ်ချင်ပါဘူး။
ကိုယ် ရိုက်နိုင်သလောက် Typing လေးနဲ့ လာလာ အပ် ပါ့မယ်။
စာလုံးရေ နည်းနည်းကလေးတွေ ဖြစ်မှာပါ။

ကြောင်နဲ့ ကြွက်ကလေးကိုလည်း ချစ်ကြဖို့ မျှော်လင့်ပါတယ်။

နောက်တစ်ပိုင်းမှာ ပြန်တွေ့မယ်နော်။

14/7/2022

24Hours 7 Days (BibleBuild Fanfic) ခတ်ေတရပျနားWhere stories live. Discover now