🔅1🔅

11.6K 925 55
                                    

(Unicode)

"မင်းအိပ်ဆေးတွေ လျှော့သောက်သင့်ပြီ ထယ်ယောင်း၊ ငါက ဆရာဝန်တစ်ယောက်အနေနဲ့မဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောတာ"

ဆေးရုံခန်းလေးထဲ ‌သူငယ်ချင်းတစ်ဖြစ်လဲ ဆရာဝန်ဖြစ်သူ ပတ်ဂျီမင်၏ စကားက ပျံ့လွင့်လာသည်။ သူပြောတာ မမှားပေမဲ့ ထယ်ယောင်းအတွက်တော့ အိပ်ဆေး အကူအညီနဲ့မှ အိပ်ပျော်သည်မို့။

"ငါက အမြဲအိပ်ဆေးနဲ့မှ အိပ်ပျော်တာ မင်းလည်း သိတာပဲကို"

"ဘာလဲ၊ မင်းရဲ့ ကိုကိုကြောင့်ပဲလား"

တဲ့တိုးဆန်သော ဂျီမင်၏စကားကြောင့် ထယ်ယောင်း မျက်ဆံညိုလေးများ အနည်းငယ်လှုပ်ခတ်သွားသည်။ ရင်ထဲလည်း သိမ့်ခနဲတုန်သွားကာ သတိရစိတ်က ပိုတိုးပြန်သည်။

"အစ်ကိုဂျောင်ဂုဆုံးသွားတာ အနှစ် ၂၀ တောင်ရှိနေပြီလေ၊ မင်းအခုထိ မမေ့နိုင်သေးဘူးလား"

"ငါဘယ်လို မေ့နိုင်မှာလဲ"

"အသက် ၃၅ နှစ်ဆိုတာ ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့ဘူး၊ ကိုယ်တိုင်လည်း ဆရာဝန်ဖြစ်နေတာပဲကို ကိုယ့်ကျန်းမာရေးကိုယ်လည်း ကြည့်ဦး၊ မဟုတ်လည်း ဆေးပေးမီးယူအတွက် အိမ်ထောင်ပြုတော့"

"ငါ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတော့ပါဘူး၊ ဒါနဲ့ ငါ့ကိုပဲ ပြောမနေနဲ့၊ မင်းကရော"

ထယ်ယောင်းစကားအဆုံး ဂျီမင်မှာ မျက်နှာလေးရဲခနဲဖြစ်သွားပြီး လည်ဂုတ်ကို အရှက်ပြေပွတ်သပ်နေလေတော့သည်။

"အဲ့..အဲ့ဒါမေးမလို့၊ အစ်ကိုယွန်းဂီရဲ့ ဂျူတီအချိန်က ဘယ်အချိန်လဲဟင်"

နောက်ဆုံး ဒီဘူတာပဲ စိုက်လာသော သူငယ်ချင်းဖြစ်သူ စကားကြောင့် ထယ်ယောင်း ပြုံးလိုက်မိသည်။

ယွန်းဂီဆိုတာ ထယ်ယောင်းနဲ့ အထွေထွေရောဂါအထူးကုဌာန အတူတူပဲဖြစ်ပြီး ရင့်ကျက်တည်ငြိမ်သူတစ်ယောက်ဖြစ်သည်။ ဒေါက်တာမလေးတွေ သူနာပြုမလေးတွေရဲ့ ပိုးပန်းခြင်းကို မကြာခဏခံရသော်လည်း အကုန်လုံးကို ငြင်းပစ်ခြင်းအမှုဖြင့် နာမည်ကြီးသည်။ ဒီလိုလူကိုမှ ဂျီမင်က ချစ်မိနေ၏။ ဂျီမင်ကတော့ စိတ်ကျန်းမာရေးအထူးကုမို့ ဌာနက အနည်းငယ် အလှမ်းဝေးနေခြင်းပင်။

Lost In You Again [Completed]Where stories live. Discover now