အဲ့တော့? သူ့တိတိရဲ့ကောင်လေးဆိုတာက ဒီငနဲလေးပေါ့လေ?

xzက အထစ်ထစ်အငေါ့ငေါ်မေးတယ်။

'' ဟို..ဟို ဒေါက်တာ.. အကုန်မြင်လိုက်တာလား? ''

ဟိုက်ခွမ်းကခေါင်းညိတ်ပြတော့ xzကသူ့မျက်နှာသူလက်ဖဝါးနဲ့အုပ်ကာ သွားတွေအအေးပတ်မတတ်ရယ်ပြလိုက်တယ်။
ပီးတော့မသိမသာနဲ့ybခြေထောက်ကိုတက်နင်းလိုက်တယ်။

ဝမ်ရိပေါ် အစုတ်ပလုတ်ကောင်! သူ့အစ်ကိုပါလာမယ်ဆိုတာကြိုပြောသင့်တယ်လေ..အခုတော့! သူရှက်တယ်လို့ အားးး မာတာမိခင်ရေ!

'' ဟီးဟီး မင်္ဂလာပါဒေါက်တာ... ကျွန်တော်က အဲ...သူငယ်ချင်းကိုလာတွေ့တာပါ အခုပြန်တော့မလို့ပါ ဘိုင့်ဘိုင်ပါ ''

​အပေါက်ဝဆီဦီးတည်ပီးပြေးဖို့ပြင်နေတဲ့xzကို ybကဂုတ်ကနေဆွဲကိုင်ထားလိုက်တယ်။

'' အရူးလိုလုပ်မနေနဲ့ ငါ့ကောအကုန်သိပီးပီ ''

'' ဟမ်! ''

အထိတ်တလန့်နဲ့xzက ဟိုက်ခွမ်းကိုမေးတယ်။

'' သူပြောတာဟုတ်လားဒေါက်တာ ဘယ်တုန်းကသိတာလဲ? ဘယ်လိုသိတာလဲ? သူပြောပြတာလား? ''

ဟိုက်ခွမ်းက သွက်လက်တက်ကြွနေတဲ့xzကိုကြည့်ပီးသူ့ညီကိုပြန်ကြည့်တယ်။

ဒီနှစ်ယောက်ဘယ်လိုများတွဲဖြစ်သွားတာပါလိမ့်နော်!

ခဏကြာနေပီးတော့ သူ့ညီရဲ့တည့်တိုးနှင်လွှတ်မှုကြီးကြောင့်ဟိုက်ခွမ်းခမျာပြန်ရတော့တယ်။

xzကybကိုမျက်စောင်းကြီးခဲကာပြောလိုက်တယ်။

'' အဲ့လိုကြီးအမြန်ပြန်ခိုင်းလိုက်ရလားခွေးကောင်ရဲ့! ကြည့်ပါအုံး မင်းအစ်ကိုငါ့ကိုအမြင်ကတ်သွားပီလားမသိဘူး! ''

ybကတော့တည်ငြိမ်စွာတစ်ခွန်းပဲပြောလိုက်တယ်။

'' အဲ့လိုမှမဟုတ်ရင်ရော? မင်းရဲ့သွားတွေအအေးပတ်သွားအောင်နေခိုင်းရမှာလား တဟီဟီလုပ်နေတာမြင်းကြီးကျလို့! ''

'' F**k you! မင်းကမှမြင်းကြီးကွ! ''

~~~~~~~~~~~~~~~~

ကျောင်းအနီးကcoffeeဆိုင်မှာxzရဲ့မျက်လုံးဟာပေကလပ်ပေကလပ်နဲ့ သူ့ရှေ့ကလူကြီးကိုကြည့်နေလိုက်တယ်။
သူ့ကိုခေါ်လာတဲ့ဗလတောင့်တောင့်နဲ့လူကြီးတွေက လဲဘေးနားကစားပွဲမှာကျောက်ရုပ်ကြီးတွေလိုထိုင်နေကြတယ်။

ကျွန်တော့်ချစ်သူ ဆိုးပေလေးWhere stories live. Discover now