အခန်း(၁၂) (Uni & Zawgyi)

Start from the beginning
                                    

"ကိုချမ်းမြေ့တို့....မပြန်ကြသေးဘူးလားဗျ"

ပြောရင်းအနားလာထိုင်သူက သတို့သားလောင်း ဖြစ်သည့် ချစ်ရသူ၏ညီပင်။ မနက်ကတည်းက ချစ်ရသူ မိတ်ဆက်ပေးထား၍ သိနေပြီဖြစ်သည်။ သိသည်ဆိုသည်ထက် ရင်းနှီးနေပြီလို့များပြောရမလား။ ဖော်ဖော်ရွေရွေရှိသော ချစ်ရသူ၏ ညီမှာ ပေါင်းလို့သင်းလို့ကောင်း၏။ တစ်ခဏအတွင်းမှာပင် ငယ်သူငယ်ချင်းတွေများလိုဖြစ်လို့။

"ဒီမှာကူလုပ်ပေးနေကြတာလေ...အတင်းကိုနှင်လွှတ်နေတာပဲ ငါ့ညီက"

"အာ...မဟုတ်တာ..ကျွန်တော်က အကိုတို့ဟိုဘက်ရွာထိပြန်ရမှာမို့ ပြောတာပါ"

"ရပါတယ်ကွာ...အကိုတို့အဖွဲ့က အုပ်စုတောင့်တော့ ဘယ်ချိန်ပြန်ပြန် ကြောက်စရာမရှိပါဘူး"

ဟန်ငြိမ်းမှ၀င်ပြောခြင်းဖြစ်သည်။ မိရွှန်းကလည်း -

"ဟုတ်တယ်...ခုလိုမင်္ဂလာဆောင်နဲ့ကြုံရတာပျော်စရာကြီးရယ် အောင်ပန်းလည်း ခုမှစီးဖူးတယ်၊ ကြုံတုန်းလေး လုပ်ဖူးတယ်ရှိအောင် လုပ်ရမယ်"

"အော်...မိရွှန်းရယ် လုပ်ဖူးတယ်ရှိအောင်ပေါ့ ၊ လုပ်ပေးချင်လို့မဟုတ်ဘူးပေါ့လေ..."

၀ဏ္ဏမှ၀င်ပြောခြင်းပင်။ မိရွှန်းကတော့ ၀ဏ္ဏအားမျက်စောင်းတွေပစ်ထိုးနေလေပြီ။

"ဟားဟား.....အစ်ကိုတို့အဖွဲ့ကတော့ဗျာ.....တော်တော်ပျော်ပျော်နေတတ်ကြတာပဲ..ဒါနဲ့များလေ အစ်ကို နဲ့ ဘယ်လိုများ သူငယ်ချင်းတွေဖြစ်ကြ ....သူကအေးတိအေးစက်နဲ့လေ ...ကိုခန့်ညီနှင့် မပိုးအိမ်တောင် ငယ်သူငယ်ချင်းမို့ပေါင်းရတာ "

ရယ်လျှက်နှင့်ခေါင်းလေးကုတ်ကာ မေးလိုက်သော ချစ်ရသူညီကြောင့် ချမ်းမြေ့ သူငယ်ချင်းအားလုံး၏ မျက်လုံးများမှာ ချမ်းမြေ့ဆီသို့ရောက်လာကြသည်။ အကြည့်များက "မင်းဘယ်လိုလိမ်ဦးမလဲ"ဆိုသည့် အကြည့်တွေ....

ချမ်းမြေ့မှာလည်း နည်းနည်းတော့စိတ်မလုံဖြစ်မိသည်။ ကိုယ်က သူ့အစ်ကိုကိုချစ်နေတဲ့သူလေ သူငယ်ချင်းမှမဟုတ်ပဲ......ဒါကို ချစ်ရသူမိတ်ဆက်ပေးတုန်းက သူငယ်ချင်းဆိုပြီးပြောထားမိတော့....

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now